
Albendazole သန်ချဆေး
သန်ကောင် အမျိုးမျိုးရှိတယ်။ အများဆုံးဖြစ်တာက သန်လုံးကောင် နဲ့ ပင်အပ်ပုံ သန်ကောင်တွေဖြစ်တယ်။ အမျိုးမတူရင် ဆေးပေးတာလဲ မတူပါ။ အကြမ်းပြောရရင် တကြိမ်သောက်ပြီးနောက် ၃-၄ ပါတ်အကြာမှာ တခါသောက်ရတယ်။
ပဌမအကြိမ်တုံးက ဥအနေနဲ့ရှိနေခဲ့တာတွေ အကောင်ဖြစ်လာချိန်မှာ တခါထပ်သန်ချရတာပါ။ အများဆုံးဖြစ်တာအတွက် ဆေးကို တကြိမ်ထဲနဲ့ပြီးတယ်။ တချို့ကို ၃ ရက်ဆက်သောက်ရတယ်။ ၂ နှစ်အောက်ကို ဆေးတဝက်၊ ၂ နှစ်အထက် ဘယ်လောက်အသက်ကြီးကြီး ဆေးတလုံးသောက်ရတယ်။ တချို့က သောက်ရတဲ့ဆေးပြား၊ တချို့က ဝါးစားရတဲ့ဆေးပြား၊ တချို့က ဆေးရည်။

ခံစားရမှာလဲ မတူဘူး။ ဗိုက်နာတာ၊ ဝမ်းပျက်တာ နဲ့ စအိုယားတာတွေ။ ကလေးတွေမှာ သန်ရှိရင် ပိန်တယ်၊ ဗိုက်ပူတယ်။ ဒါက ဝမ်းပျက်လို့ ဆက်ဖြစ်တာပါ။ ဝက်သား မနူးတာစားလို့ တိပ်ပြာပုံသန်ကောင် ဖြစ်တတ်တယ်။ သေခြာချင်ရင် Stool ME ဝမ်းစစ်ရမယ်။
Albendazole, Albenza, Albazole, Albendol, Albex, Mebendazole သန်ချဆေးများ၊
• Roundworm ရိုးရိုး (တီကောင်လို) သန်လုံးကောင်၊ Albendazole 400 mg တခါတည်းသောက်၊ (သို့) ၂-၃ ရက်။ ၂ နှစ်အောက်ကလေး ဆေးတဝက်သောက်။
• Pinworms (Enterobius vermicularis) စအိုယားစေသည့် ပင်အပ်ပုံ သန်ကောင်၊ အသက် ၂ နှစ်အထက် 400 mg ညတကြိမ်၊ ၂ နှစ်အောက် 200 mg ညအိပ်ရာဝင် ၁ ကြိမ်။ ၂ ပါတ်နေရင် နောက်တခါထပ်သောက်။
• Threadworm (Seat worm, Strongyloides): အရေပြားက တဆင့် ဝင်သည့် သန်ကောင်၊ အသက် ၂ နှစ်အထက် 400 mg ည ၁-၂ ကြိမ်၊ ၃ ရက်ဆက်။ ၂ နှစ်အောက် တဝက်။
• Tapeworm (Echinococcosis, Hydatid disease, Hydatid cyst): တိပ်ပြားပုံ သန်ကောင်၊ အသက် ၂ နှစ်အထက် 400 mg တနေ့ ၂ ကြိမ်၊ အစာနှင့်သောက်၊ ၁၄ ရက်။
• Whipworm (Trichuriasis) ကျာပွတ်နှင့်တူသော ဝမ်းပျက်စေသည့် သန်ကောင်၊ 400 mg ညအိပ်ရာဝင် ၁ ကြိမ်၊ ဒါမှမဟုတ် တနေ့ ၂ ကြိမ်၊ ၃ ရက်။ ၂ နှစ်အောက် တဝက်။
• Giardiasis: (ဂိုင်ယာဒီးယား) ပိုးဝင်၍ ဝမ်းပျက်ခြင်း၊ Albendazole 400 mg တနေ့ ၁ ကြိမ်၊ ၅ ရက်။
• Hookworm (Ankylostomiasis): ချိတ်သန်ကောင်၊ Albendazole 400 mg တနေ့ ၂ ကြိမ်၊ ၃ ရက်ဆက်တိုက် + Ferrous sulfate 200 mg တနေ့ ၃ ကြိမ်၊ ၃ လ။
• Neurocysticercosis: အာရုံကြောစနစ်ထဲရောက်သည့် သန်ကောင်၊ 400 mg (15 mg/kg) တနေ့ ၂ ကြိမ်၊ ၈-၃ဝ ရက်။
• Filariasis: ဆင်ခြေထောက်ရောဂါ၊ Albendazole 400 mg တနေ့ ၂ ကြိမ်၊ ၃ ပါတ်။ သို့မဟုတ် 400 mg ချက်ချင်းပေး + Ivermectin 200 μg/kg
• ဘေးထွက်-ဆိုးကျိုး = ပျို့-အန်၊ ဆံပင်ကြွတ်၊ အစာအိမ်အောင့်၊ ကိုယ်ဝန်ရှိနေစဉ် မပေးသင့်၊
Reference
- ဒေါက်တာတင့်ဆွေ blog