
10 Common Symptoms in Infants and Young Toddlers ကလေးတွေမှာ အဖြစ်များတာ လက္ခဏာ (၁ဝ) ခု
- Stomach Ache ဗိုက်နာ
ကလေးငိုရင် နို့ဆာတာ၊ လေနာတာဖြစ်နိုင်တယ်။ ကလေးနဲနဲကြီးရင် သံကောင်ဖြစ်နိုင်တယ်။ လေကြောင့်နာရင် ခါးကော့ ငိုမယ်။ Colic ဗိုက်ရစ်နာတာ၊ Gastroesophageal reflux အစောခြေရည်အထက်ဆန်တာ၊ Food intolerance အစာကို လက်သင့်မခံနိုင်တာ၊ Virus ဗိုင်းရပ်စ်တွေကနေ ဖြစ်စေနိုင်တယ်။ အန်တာ၊ ဖျားတာ၊ ဝမ်းပျက်တာတွေနဲ့ ရောရင် ဆရာဝန်ပြပါ။ - Fever ကိုယ်ပူခြင်း
ကလေးငယ်ငယ်လေးတွေ နဲနဲကိုယ်ပူတာကိုတောင်မှ သတိထားရမယ်။ နားကိုက်တာ၊ ချောင်းဆိုးတာ၊ မဆော့ချင်-မလှုတ်ချင် ဖြစ်တာ၊ အနီစက်တွေထွက်တာ၊ အန်တာ၊ ဝမ်းလျှောတာတွေ ရှိနေ-မနေစစ်ဆေးပါ။ - Constipation ဝမ်းချုပ်ခြင်း
ကလေးဆိုတာ ဆီးတရွှဲရွှဲ ဝမ်းတစိုစိုနေတယ်။ ဝမ်းပျက်သလိုဘဲ ချုပ်နေတာလဲ မကောင်းဘူး။ စိတ်ပူစရာ သိပ်မလိုပါ။ တကယ်ဝမ်းက မာနေပြီး သွားမရရင် ရေပိုတိုက်ပေးပါ၊ အသီးရည်တိုက်ပါ။ မရရင် ဆရာဝန်ပြပါ။ ဗိုက်နာနေပြီး အန်လာရင်တော့ အရေးကြီးတယ်။ - Rashes အနီစက်တွေထွက်ခြင်း
ကလေးအသားအရေက သိပ်နူးညံတယ်။ အထိမခံသလိုနေသေးတယ်။ မသင့်တာတွေများတယ်။ Diaper rash (ဒိုင်ယာပါ) ကနေလဲ ဖြစ်တတ်ကြတယ်။ Eczema နှင်းခူနာမဖြစ်အောင် ဆပ်ပြာပြင်းတာ မသုံးပါနဲ့။ ခေါင်းလျှော်ရည် ပြင်းတာမသုံးပါနဲ့။ ပေါင်ဒါရိုးရိုးသာသုံးပါ။ အရေပြား ခြောက်မနေစေပါနဲ့။ - Cough ချောင်းဆိုး
ကလေးတွေချောင်းဆိုးတာ အသံအမျိုးမျိုးရှိတယ်။ Seal-like barking cough ဖျံတွေလို အသံထွက်တာကို Croup ခေါ်တယ်။ နဲနဲကိုယ်ပူပြီးချောင်းဆိုရင် အအေးမိတာဖြစ်နိုင်တယ်။ အပူချိန်များရင် နူမိုးနီးယား သတိထားပါ။ တုပ်ကွေးလဲ အတော်ပူတယ်။ Wheezing စီစီ၊ စီစီ အသံကြားရင် ပန်းတာဖြစ်နိုင်တယ်။ ပိုးဝင်တာကလဲဖြစ်တယ်။ Pertussis ကြက်ညှာချောင်းကို Whooping sound အသံထွက်တယ်။ ချောင်းဆိုးပျောက်ဆေးကို ကလေး ၄ နှစ်အောက်ကို ဆရာဝန် မညွှန်ဘဲ မပေးသင့်ပါ။ - Diarrhea ဝမ်းပျက်ခြင်း
ကလေးတွေမှာ ဖြစ်တာအများဆုံးလို့ ပြောနိုင်တယ်။ Infection ရောဂါပိုးဝင်လို့၊ Food intolerance အစာကို ကိုယ်က လက်သင့်မခံနိုင်လို့၊ Fruit juice ဖျော်ရည်တွေ သောက်တာများလို့ ဆိုတာတွေကြောင့် ကလေးတွေမှာ ဝမ်းပျက်နိုင်တယ်။ ဝမ်းရပ်တဲ့အထိ ကလေးကို အိမ်မှာသာနေစေပါ။ ရေဓါတ်၊ ဆားဓါတ်ဖြည့်ပေးပါ။ နို့-နို့ထွက်အစာတွေ၊ ဖိုင်ဘာများတာတွေ၊ အဆီများတာတွေ မကျွေးသေးပါနဲ့။ မပျောက်ရင်၊ ဆရာဝန်ခေါ်ပါ။ အဖျား 101.4 ကျော်ရင်၊ အန်ရင်၊ ဝမ်းထဲသွေးပါရင်၊ ဝမ်းမဲနက်နေရင်၊ ဗိုက်နာရင်၊ ၂၄ နာရီနဲ့ မသက်သာရင် ဆရာဝန်ပြပါ။ - Teething Pain သွားနာ
၆ လလောက်မှာ ငယ်သွား စပေါက်တယ်။ ကလေးက အနေရထက်မယ်။ Rubber teething ring ကိုက်စရာ ပေးထားနိုင်တယ်။ - Gas Pain လေနာ
Burping, crying, and flatulence အသံစူးစူနဲ့ ငိုမယ်၊ လေလဲတက်မယ်ဆိုရင် လေနာတာဖြစ်မယ်။ Colic နဲ့မတူဘူး။ (ကိုးလစ်) ဖြစ်တာက ချော့မရဘူး။ - Stuffy Noses နှာရည်ယို
ကလေး မအေးမိရင် နှာရည်ယိုမယ်။ အသက် ၄ နှစ်အောက် ဆေးဆိုင်က အလွယ်ဝယ်ရတဲ့ဆေး ဆရာဝန်မမေးဘဲ မတိုက်ပါနဲ့။ Saline drops ဆားရည်အစက်ချဆေး သုံးတာ စိတ်ချရတယ်။ Mucus အချွဲတွေကျဲစေမယ်။ Bulb syringe နဲ့ စုပ်ထုတ်ပေးနိုင်တယ်။ Vaporizer ဖွင့်ထားပေးပါ။ - Keeping Calm ကလေးချော့ပါ
ကလေးချော့မဲ့ မိဘတွေက အရင် စိတ်အေးလက်သာရှိပါစေ။ ငါ့မှာ အစွမ်းအစရှိတယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုထားပါ။ နောက်ဆုံး မရရင် ဆရာဝန်ခေါ်လို့ရတာဘဲလို့ သိထားပါ။
Reference
- Dr. တင့်ဆွေ
၁၁-၇-၂ဝ၁၂