ကျောက်ကပ်ရောင်ခြင်း|Acute glomerulonephritis

Acute glomerulonephritis ကျောက်ကပ်ရောင်ခြင်း

ဆေးခန်း အကူဆရာမတယောက် မနေ့က နေမကောင်း ဖြစ်လာတယ်။ ရုတ်တရက် ဆိုပါတော့ မျက်နှာရောင်လာတယ်၊ ဗိုက်နာတယ်။ BP သွေးဖိအား တိုင်းတော့ တက်နေတာတာနဲ့ ရောဂါနာမည် တပ်တာ တဝက်သေခြာသွားပြီ။ ဆီးစစ်တယ်။ ကျောက်ကပ် ရောင်နေတယ်လို့ ပြောလိုက်တယ်။

ဆေးစာနဲ့ဆို နာမည်က ခပ်ရှည်ရှည် Acute glomerulonephritis လို့ ခေါ်တယ်။ Immunologic mechanism (အင်မြူနိုလောဂျစ်) ဖြစ်စဉ် ရောဂါပြီးစနစ်ကြောင့် ကျောက်ကပ်ထဲက စစ်တဲ့စကာလို လုပ်ပေးတဲ့ Glomerular tissue (ဂလိုမာရူးလာ-တစ်ရှူး) တွေဟာ ပွါးများလာရာကနေ ဖြစ်တယ်။ ရောဂါဗေဒ ဗဟုသုတ ပြောရရင် Basement membrane (ဘေ့စ်မင့်-မင်ဘရိန်း) အဖုံးလွှာရော Capillary endothelium သွေးကြောမျဉ်တွေပါ ပျက်စီးသွားတယ်။

ဆီးကို မှန်ဘီလူးနဲ့ စစ်ရင် Hematuria သွေးပါနေတာ၊ Proteinuria (ပရိုတင်း) ပါနေတာ တွေ့မယ်။ ဒီတော့ ကျောက်ကပ်က သူလုပ်ရမဲ့အလုပ်တွေ မလုပ်နိုင်ဖြစ်လာရာကနေ ကိုယ်ရောင်တယ်။ မျက်နှာရောင်တာက အရင် သိသာတယ်။ အများဆုံး ဖြစ်စေတာက Streptococcus (စထွက်ပတိုကောကပ်စ်) ဗက်တီးရီးယားဟာ တခြားနေရာမှာ ဝင်ရာကနေ ဆက်ဖြစ်လာတာပါ။ တခြားအကောင်တွေ ဖြစ်တဲ့ Viruses ဗိုင်းရပ်စ်၊ Fungus ဖန်းဂတ်စ်၊ Parasites (ပါရာဆိုက်) ဆိုတာတွေကနေလဲ ဖြစ်တတ်သေးတယ်။

တချို့ကို အပြင်လူနာအဖြစ် ကုပေးနိုင်တယ်။ တချို့မှာ အသက်ကိုပါ စိုးရိမ်စရာအထိ ဖြစ်နိုင်တယ်။ ကျောက်ကပ်အပြင် အသက်ရှူလမ်းနဲ့ အာရုံကြောစနစ်အထိ သက်ရောက်နိုင်လို့ အရေးပေါ်လူနာ ဖြစ်တယ်။

သွေးစစ်ရမယ်။ Hypocalcemia (ကယ်လ်စီယမ်) နည်းပြီး၊ Hyperkalemia (ပိုတက်ဆီယမ်) များနေမယ်။ Acidosis (အက်ဆီဒိုးဆစ်) လို့ခေါ်တယ်။ Sodium (ဆိုဒီယမ်) နဲ့ မတည့်လို့ ဆားလျှော့စာခိုင်းရတယ်။ ရောင်တာများရင် ရေလျှော့သောက်ခိုင်းတယ်။

အများဆုံးဖြစ်တဲ့ Poststreptococcal glomerulonephritis ဗက်တီးရီးယားကြောင့်ဖြစ်တာဆိုရင် Antibiotic therapy ပဋိဇီဝဆေး ချက်ချင်း ပေးပါ။ ဆေးမတည့်တာ မရှိရင် Penicillin (ပနယ်စလင်) က အကောင်းဆုံး ဖြစ်ပါတယ်။ ဒီပိုး တနေရာရာမှာ ဝင်နေတုံးက ဒီဆေး ပေးခဲ့ရင် အခုလို ကျောက်ကပ်ရောင်တာ မဖြစ်ပါ။ ဒီအချက်ကို တချို့ မဟုတ်ဘူးလို့ ငြင်းတယ်။

ဒီရောဂါနဲ့ မတိမ်းမယိမ်း ဆင်တူတဲ့ Nephrotic syndrome (နဖရောတစ်-ဆင်ဒရုမ်း) ဆိုတာ ၄% လောက်မှာ ဖြစ်တယ်။ သိပ်လိုအပ်ရင် Renal biopsy ကျောက်ကပ်-အသားစ ထုတ်စစ်တာ လုပ်ရမယ်။ ဒီလိုလူနာကိုသာ Loop diuretics ဆီးဆေးဆိုတာ ပေးရတယ်။ ကိုယ်ရောင်သူတွေကို ဆီး အတင်းသွားခိုင်းတဲ့ ဆေးမျိုး ပေးရင် ချက်ချင်း ဆိုသလို ကိုယ်ရောင်တာ ကျသွားမယ်။ ဒါပေမဲ့ ရမ်းပေးတာ အန္တရာယ်ရှိတယ်။

(၁) ဆီးသွားတာ သိပ်နည်းလာရင် (၂) ဆီးထဲမှာ (ပရိုတင်း) ပါတာ များနေရင် (၃) Nephrotic syndrome ဖြစ်ရင် (၄) Hypertension သွေးဖိအား သိပ်များနေရင် (၅) Pulmonary symptoms အဆုပ်လက္ခဏာတွေ ဖြစ်လာရင် ဆေးရုံတင် ကုသပေးဘို့ လိုမယ်။

Hypertension သွေးတိုးနေတာအတွက် Calcium channel blockers နဲ့ Nitroprusside တွေ ပေးနိုင်တယ်။ Beta-blocking agents နဲ့ ACE inhibitors ဆေးတွေကို Vasodilators နဲ့ Diuretics တွေနဲ့ တွဲပေးတာ မဟုတ်ရင် မပေးသင့်ဘူး။ ရောဂါဆိုးရင်တော့ Furosemide ဆီးသွားဆေးပေးတယ်။ ဒါပေမဲ့ Potassium-sparing diuretics အမျိုးအစားကို မပေးရပါ။ Hyperkalemia သွေးထဲမှာ (ပိုတက်ဆီယမ်) တွေများမှာ စိုးလို့။

သွေးဖိအား သိပ်များရာကနေ Hypertensive encephalopathy ဦးနှောက်ကို ထိခိုက်လာနိုင်တယ်။

  • Headache ခေါင်းကိုက်မယ်၊
  • Nausea/Vomiting ပျို့ချင်-အန်ချင်ဖြစ်မယ်၊
  • Blurry vision မျက်စိကြည့်ရတာ ဝေဝါးလာမယ်၊
  • General aches and pains (joint pain, muscle aches) အဆစ်တွေနာမယ်။
  • General ill feeling (malaise) မအီမသာဖြစ်မယ်။
  • Slow, sluggish, lethargic movement သွားလာ-လုပ်ကိုင်တာ နှေးလေး နေမယ်။
  • Cough containing mucus or pink, frothy material ချောင်းဆိုးနိုင်တယ်။ သွေးပါနိုင်တယ်။
  • Decreased alertness, drowsiness, confusion လူကထိုင်းမှိုင်းအိပ်ချင်နေမယ်။
  • Seizures တက်မယ်၊
  • Coma သတိလစ်မယ်။

Steroids (စတီရွိုက်) ဆေးနဲ့ Cytotoxic agents (ဆိုက်တိုတောက်ဆစ်) ဆေးတွေကို တချို့ (ကေ့စ်) တွေမှာ ပေးရတယ်။ ဒါတွေကတော့ Glomerulonephritis secondary to hypersensitivity, Vasculitis, Cryoglobulinemia, Henoch-Schönlein purpura, Serum sickness, SLE, Wegener granulomatosis, Idiopathic rapidly progressive glomerulonephritis နဲ့ Goodpasture syndrome တွေမှာ ပေးရတာဖြစ်တယ်။

Nephritic syndrome (နဖရောတစ်-ဆင်ဒရုမ်း) ဆိုတာကလဲ Glomerulonephritis ကျောက်ကပ်ရဲ့ ဒီနေရာမှာ ရောင်တာဘဲ။ ကလေးတွေနဲ့ လူငယ်တွေမှာ IgA nephropathy, Henoch-Schonlein purpura, Hemolytic uremic syndrome, Post-streptococcal glomerulonephritis တွေကနေ ဆက်ဖြစ်တယ်။

လူကြီးတွေဆိုရင် Abscesses, Infective endocarditis, Klebsiella pneumonia, Goodpasture syndrome, Hepatitis, Membranoproliferative GN I, Membranoproliferative GN II, Rapidly progressive (crescentic) glomerulonephritis, SLE, STDs, Typhoid, Vasculitis, Mononucleosis, Measles, Mumps တွေကနေ ဆက်ဖြစ်တယ်။

ဓါတ်ခွဲခန်း စစ်ဆေးတာတွေ လုပ်ရမယ်။ BUN, Creatinine, Creatinine clearance, Urinalysis, Urine appearance and color, Potassium test, Protein in the urinem kidney biopsy တွေဖြစ်တယ်။ ဘာလို့ဖြစ်ရသလဲ သိချင်ရင် ANA titer (lupus), ANCA (antineutrophil cytoplasmic antibody for vasculitis), Anti-glomerular basement membrane antibody, Blood culture, Culture of the throat or skin, Serum complement (C3 and C4) လုပ်ရမယ်။

Complications နောက်ဆက်တွဲ ဖြစ်လာနိုင်တာတွေကတော့ –

  • Congestive heart failure နှလုံးရောဂါ၊
  • Pulmonary edema အဆုပ် ကိုယ်ရောင်သလို ရောင်တဲ့ရောဂါ၊
  • Chronic glomerulonephritis နာတာရှည် ကျောက်ကပ်ရောဂါ နဲ့
  • Nephrotic syndrome (နဖရောတစ်-ဆင်ဒရုမ်း) ရောဂါတွေ ဖြစ်တယ်။
  • လူနာကို အနားခိုင်းတယ်။
  • လေ့ကျင့်ခန်း မလုပ်စေရဘူး။
  • Protein (ပရိုတင်း) လဲ လျှော့စားတာ ကောင်းတယ်။
  • High-potassium foods (ပိုတက်ဆီယမ်) များတဲ့အစာတွေ ရှောင်ရမယ်။
  • Bedrest အိပ်ရာထဲနားပါ။
  • Salt, Fluids နဲ့ Potassium လျှော့စားပါ။
  • တချို့ကို သွေးကျဆေး နဲ့ Corticosteroids (စတီရွိုက်) ဆေးတွေပေးမယ်။
  • အများစုက ၁-၂ ပါတ်နဲ့ ကောင်းသွားကြတယ်။ ကလေးတွေမှာ ပိုမြန်မြန် သက်သာတယ်။

Reference

Dr. တင့်ဆွေblog


One comment

Leave a comment