
ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ
15 Jul 10, 09:17
အာရုံမစိုက်နိုင်တဲ့ရောဂါ (attention deficit hyperactivity disorder) အတွက် သောက်ရမယ့်ဆေးနဲ့ ကုထုံးတွေ သိပါရစေဆရာ။ ဆေးက ရှာရလွယ်ပါသလား။
Attention Deficit Hyperactivity Disorder (ADHD) ဆိုတဲ့ “ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ” ဆိုတာ ကလေးများမှာ အဖြစ်များတယ်။ ကလေး ၃-၅% ဖြစ်တယ်။ သေခြာ မကုသလို့ ကြာသွားရင် ကြီးတဲ့အထိ မကောင်း ဖြစ်တတ်တယ်။ ဘာလို့ဖြစ်ရသလဲဆိုတာ များသောအားဖြင့် တိကျကျမသိပါ။ မျိုးဗီဇ၊ အစားအသောက် နဲ့ ပတ်ဝန်းကျင်တို့ကနေ ဖြစ်စေနိုင်တယ်လို့ ထင်ရပါတယ်။
လက္ခဏာတွေကတော့ Impulsiveness ကလေးဟာ ဘာလုပ်လုပ် မတွေးတောဘဲ ဟောဟောဒိုင်းဒိုင်း ပြုမူတယ်။ Hyperactivity ငြိမ်ငြိမ်မထိုင်၊ ကောင်းကောင်းလမ်းမသွား၊ ပုံမှန်မပြေး၊ သူများ အထက်တက်သလိုမတက်၊ သူများတွေလို စကားမပြော။ Inattention သူ့စိတ်က တခြားကမ္ဘာထဲ ရောက်နေသလိုမို့ သူ့ရှေ့မှာ ဖြစ်ပျက်နေတာတွေနဲ့ တလွဲ တွေးထင်နေတယ်။
၃ မျိုးခွဲနိုင်တယ်။ Predominantly inattentive type, Predominantly hyperactive-impulsive type နဲ့ အဲဒီ ၂ မျိုးတွဲတွေ ဖြစ်တယ်။
Childhood ADHD ကို ကုသလို့ ရပါတယ်။ Behavioral therapy အမူအကျင့် ကုသနည်းနဲ့ Medications ဆေးပေး ကုသနည်း၊ Lifestyle changes လူနေဘဝ ပြုပြင်နည်း၊ Counseling မေးမြန်း-ပြောဆိုနည်းတွေ သုံးပြီး ကုသရတယ်။
ဆင်တူတဲ့ ရောဂါတွေနဲ့ ခွဲခြားရမယ်။ မိဘအိမ်ထောင်ရေး-လူမှုရေး ပြဿနာရှိလို့၊ နာမကြားလို့၊ အတက်ရောဂါ၊ စိတ်ကျ ရောဂါ၊ အအိပ်ပျက်၊ အလွဲသုံးစားပြုခံရတာ၊ စတာတွေက ဆင်တတ်တယ်။ ကလေးဘဝမှာ မပျောက်ရင် ၆ဝ% က Adult ADHD လူကြီးရောဂါဆက်ဖြစ်မယ်။ သေခြာမကုရင် ပြဿနာတွေ ဆက်တက်မယ်။ တခြား စိတ်ရောဂါတွေ တွဲလာမယ်။
Medical management နဲ့ Behavioral treatment တွေက အထိရောက်ဆုံးလို့ ၂ဝဝ၅ သုတေသနတခုက ဆိုပါတယ်။
Stimulant medication ဆေးကို အသုံးများတယ်။ Methylphenidate (Ritalin, Metadate, Concerta), Dexatroamphetamine (Dexedrine), Mixed Amphetamine Salts (Adderall), Dextromethaphetamine (Desoxyn) နဲ့ Lisdexamfetamine (Vyvanse) ဆေးတွေဖြစ်တယ်။ ကြားဘူးနာဝ ရှိကြမှာပါ။ ဒီဆေးနာမည်တွေက “feel-good” ဆေးတွေပါလို့ ဆေးစွဲစေတတ်တယ်။
Antipsychotic medication စိတ်ဆေး၊ Non-stimulant medications ဖြစ်တဲ့ Atomoxetine (Strattera) Guanfacine (Intuniv) ဆေးတွေသုံးတယ်။
စမ်းသပ်ဆေးနည်း၊ အစာအာဟာရနည်းတွေလဲရှိသေးတယ်။ Omega-3 နာမည်ကြီးနေတဲ့ (seal, fish or krill oil) ငါးတွေကနေ ထုတ်တဲ့ အိုမီဂါ-၃၊ Vitamin နဲ့ mineral supplements ဗီတာမင်နဲ့ ဓါတ်ဆားတွေကလဲ အထောက်အကူ ပြုနိုင်တယ်။ Medical cannabis နဲ့ Aerobic fitness တို့ ဖြစ်တယ်။
ဆေးဝယ်ရတာ လွယ်တာ-ခက်တာ နိုင်ငံတခုနဲ့တခု မတူပါ။ စိတ်အထူးကုနဲ့သာ တိုင်ပင်ကုသသင့်ပါတယ်။
Alternative Therapies တွေ အမျိုးမျိုးရှိတယ်။ ဒါပေမဲ့ သိပ္ပံနည်းကျတော့ အာမ မခံနိုင်ဘူး။ အများဆုံးသုံးတဲ့ဆေး Ritalin (Methylphenidate), Adderall (Amphetamine and Dextroamphetamine) နဲ့ Concerta တွေကို ရှာရတာ ခက်တယ်။ ဆေးလက်မှတ် လိုတဲ့အပြင် ဆေးတွေက ၁ လသာခံလို့ ကြာကြာသုံးဘို့ ဝယ်ထားလို့မရဘူး။ Non-Medical Interventions ဆိုတဲ့ behavior modification ကိုလည်း လုပ်ရပါမယ်။ ဘယ်အရွယ်ရောက်နေနေ ကုသတာ အကျိုးများပါတယ်။ ကျွန်တော်က စိတ်ပညာ အထူးကုတော့ မဟုတ်ပါ။
Reference
- Dr .Tint Swe