သဘာဝ အာဟာရရည်|Adoxy Cellfood

Adoxy Cellfood အမေးများတဲ့ဆေး

• Adoxy ဆေးဆိုတာကို မေးနေကြပါတယ်။ တိုတိုလေး ဖြေနေရတာ များနေပါပြီ။ ကြောညာဆေးအားလုံးကို ခြုံပြီးရေးထားပါတယ်။ ကျွန်တော်တို့လို ဆရာဝန်တွေက မညွှန်ပါ။ သုတေသနလုပ်ထားတာ မတွေ့ပါ။ ကောင်းတယ်၊ ဆိုးတယ် မပြောနိုင်ပါ။

• မြန်မာနိုင်ငံမှာ အဲဒီဆေးကြော်ညာ ဖေ့စ်ဘွတ်မှာ ဒီလိုရေးတယ်။
ဆဲလ်ကလပ်စီး အဟာရ၊ အမိုင်နိုအက်ဆစ် (၁၇) မျိုး၊ အင်ဇိုင်း (၃၄ )မျိုး၊ သတ္တုှဓာတ် (၇၈) မျိုး စွမ်းအားမြှင့် အောက်ဆီဂျင်နှင့် အခြား အာဟာရများစွာတို့ကို (၃)မိနစ်အတွင်း ဆဲလ်များအတွင်းသို့ အရောက်ပို့ပေးနိုင်သည့် သဘာဝ အာဟာရရည်။ တစ်နေ့ ၄ကြိမ် ရေ ၂ဝဝ စီစီတွင် ဖျော်ပြီး သောက်သုံးနိုင်သလို အနာများကိုလဲ ဖြန်းပြီး အသုံးပြုနိုင်ပါသည်။

• ထိုင်းနိုင်ငံကကြော်ညာ ဝက်ဆိုက်မှာ ဒီလိုရေးတယ်။
It is well known that Adoxy is a product that has been recognized and has worked in many cases they want you to try Adoxy which is the product of a company limited Winners Wine World Winner Wine WorldCo.Ltd. သူတို့ ကုမ္ပဏီကနေထုတ်တဲ့ဆေးကို အသိအမှတ်ပြုကြတယ်။ ကေ့စ် အတော်များများမှာ အလုပ်ဖြစ်တယ်လို့ ပါတယ်။

• အမေရိကန် FDA ခေါ် ဆေးဝါးနဲ့အစားအသောက် အာဏာပိုင်အဖွဲ့က အသိအမှတ်ပြုချက် မတွေ့ပါ။ ထပ်သိစေချင်တာက FDA ကနေ အသိအမှတ်ပြုပြီးသား ဆေးဝါးတွေကို နောက်မှာ ပြန်ရုပ်သိမ်းရတာနဲ့ ထိခိုက်နစ်နာမှုဖြစ်လို့ လျှော်ကြေး ဒေါ်လာသန်းနဲ့ ပေးရတာတွေ ရှိပါတယ်။

• မြန်မာ FDA ကနေလဲ သတိပေးထားတယ်လို့ ဂျာနယ်မှာဖတ်ရတယ်။ ဒီသတင်းမထွက်ခင် ကျွန်တော်ဖြေတာအောက်မှာ တယောက်ကနေ မြန်မာ EDA က အသိအမှတ်ပြုတယ်ဆိုပြီး ကွန်မင့် ရေးတာလဲဖတ်ရတယ်။ သူပြောတာ မဟုတ်ပါ။

ဆရာဝန်တယောက်အနေနဲ့ ဒီဆေးမျိုးကို လူနာကိုလဲ မညွှန်ပါ၊ ဆေးသုတေသနလဲ စနစ်တကျတွေ့ဘူးလို့ ကောင်းတယ်၊ ဆိုးတယ်ပြောဘို့ ခက်ပါတယ်။ ရောဂါအမယ်အများကြီးကို ပျောက်စေတဲ့ဆေးမျိုးဆိုတာ ချင့်ချိန်ပြီးသာ ယုံသင့်ပါတယ်။

Refernce

  1. ဒေါက်တာတင့်ဆွေ blog

Leave a comment