
Ringing in the Ears နားအူခြင်း
သမီး အမျိုးသားအသက်က ၃၂ နှစ်ပါဆရာ။ နားအူလို့ပါ။ ညအိပ်ရင်နားထဲမှာ တစီစီနဲ့ အသံတွေ ကြားနေရပါတယ်။ ခေါင်းလဲမူးပါတယ်။ ဖြစ်တာ တနှစ်လောက်ရှိပါပြီ။ ဆေးခန်းသွား ဆေးစစ် ဆေးသောက်လဲ မထူးခြားလို့ပါ။ အဲဒါ ဘာကြောင့်ဖြစ်လဲ၊ ဘာစစ်ဆေးမှုတွေ ပြုလုပ်ရမလဲ၊ ဘာဆေးတွေသောက်ရမလဲ။
လူအတော်များများဖြစ်ဘူးတယ်။ နားထဲမှာ ဆူနေတဲ့အသံက အမျိုးမျိုးဖြစ်နိုင်တယ်။ roaring ဟစ်အော်သံ၊ hissing ဆွဲငင်သံ၊ buzzing တဝီဝီသံ၊ tinkling သတ္တုခေါက်သံ။ တခါဖြစ်ရင် မိနစ်နည်းနည်းကြာမယ်။ တော်တော်နဲ့ မပျောက်နိုင်တာကိုမှသာ Tinnitus (တင်းနစ်တပ်စ်) လို့ခေါ်တယ်။ ဘေးမှာ အသံဖြစ်စရာအကြောင်းမရှိဘဲ ကိုယ့်မှာသာ ကြားနေရမယ်။ သူများတွေကတော့ မကြားဘူး။ နှလုံးခုန်သံနဲ့ လိုက်ကြားရနိုင်တယ်။ အသက်ရှူတာနဲ့လဲ ချက်ညီနိုင်တယ်။ အသက်ရလာရင် ပိုဖြစ်မယ်။ အသက် ၄ဝ ကျော်တွေနဲ့ ယောက်ျားတွေမှာ ပိုဖြစ်တယ်။
အမျိုးအစား (၂) မျိုးရှိတယ်။
၁။ Pulsatile tinnitus (ပါစတိုင်းလ်) ဆိုတာက နှလုံးခုန်သလိုနေတယ်။ နားရဲ့ အနီးအနားက ကြွက်သားလေးတွေ လှုတ်ရှာလို့ ဖြစ်တာ များတယ်။ ဒါမှမဟုတ် မျက်နှာနဲ့ လည်ပင်းမှာ သွေးလျှောက်ရာကနေဖြစ်မယ်။ သွေးခုန်တာမျိုး၊ ကြွက်သားညှစ်နောမျိုး သတိထားမိလိမ့်မယ်။
၂။ Nonpulsatile tinnitus တခြားအမျိုးအစားကတော့ နားအကြားနဲ့ဆိုင်တဲ့ အာရုံကြောကြောင့်ဖြစ်ရတယ်။ နားတဖက်ဖြစ်ဖြစ် နှစ်ဘက်လုံးဖြစ်ဖြစ်မှာကြားရတယ်။ ခေါင်းထဲကနေလာတယ်လို့ ထင်နေမယ်။
အများဆုံးဖြစ်တတ်တဲ့အကြောင်းခံဟာ အသက်ရလို့ အကြားအာရုံလျှော့တာကြောင့်ဘဲ။ တချို့မှာတော့ ပတ်ဝန်းကျင် ဆူညံသံကြောင့် ဖြစ်တယ်။
တခြားအကြောင်းတရားတွေလဲ ရှိသေးတယ်။ Earwax နားဖါတွေများနေတာ၊ (အက်စပရင်) နဲ့ ပဋိဇီဝဆေးတွေကြောင့် ဖြစ်နိုင်တယ်။ အရက်သောက်များတာနဲ့ (ကေဖင်း) ပါအရည်သောက်များတာ၊ နာပိုးဝင်တာ၊ နာစည်ပေါက်တာ၊ သွားနဲ့ ခံတွင်းရောဂါ၊ နားနဲ့ခေါင်း ထိခိုက်ဒဏ်ရာရတာ၊ ပတ်ဝန်းကျင်မတူတာနှစ်မျိုးမှာ ရုတ်တရက် ပြောင်းနေတာ၊ ကိုယ်အလေးချိန်ကျလွန်းတာ၊ လေ့ကျင့်ခန်းလုပ်တာများတာ၊ သွေးတိုးနဲ့ သွေးကြောရောဂါ၊ အာရုံကြောရောဂါ၊ ဥပမာ multiple sclerosis နဲ့ migraine headache ရောဂါ၊ သွေးအားနည်းရောဂါ၊ Acoustic neuroma ရောဂါ၊ Labyrinthitis ရောဂါ၊ Otosclerosis ရောဂါ၊ လည်ပင်းကြီးရောဂါ။
အများအားဖြင့် အလိုလိုပျောက်ပါတယ်။ ပြန်လဲဖြစ်တယ်။ မပျောက်နိုင်ရင် ဆရာဝန်ပြပါ။
Reference
- ဒေါက်တာတင့်ဆွေ blog
[…] Previous နားအူခြင်း|Ringing in the EarsNext ကြွက်သားအားနည်းခြင်း|Muscle weakness […]
LikeLike