လေဖြတ်ရင် | Stroke

Stroke လေဖြတ်ရင်

Stroke (ဆထုပ်) ခေါ်တာဖြစ်ရင် လေဖြတ်မယ်။ ဖြစ်ရတာက ဦးနှောက်ထဲက သွေးကြောတနေရာရာမှာ မတော်တဆ ဖြစ်သွားလို့ပါ။ သွေးခဲပိတ်နေတာနဲ့ သွေးကြောပေါက်ထွက်တာ တမျိုးမျိုးဖြစ်ပါမယ်။ အဲလိုဖြစ်လာရင် ဦးနှောက်က (ဆဲလ်) တွေဟာ စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း သွေးမရရင် သေသွားမယ်။ ပြန်ကောင်းမလာနိုင်ဘူး။ ဒါကြောင့် ပိုမဆိုအောင်လုပ်ဘို့ အချိန်ဟာရွှေဘဲ။

နံပါတ် (၁) က ဆေးရုံ-ဆေးခန်းကမရောက်ခင် အရေးပေါ်လာပြီးလုပ်ပေးနိုင်မဲ့ဆီကို အကူအညီ လှမ်းတောင်းဘို့ဘဲ။ ဖုန်းဆက်ပါ။ ဖုန်းနံပါတ်မှတ်ထားပါ။ ဘယ်လိုဖြစ်ရင် (ဆထုပ်) လို့ထင်မလဲ

FAST အတိုကောက်စာလုံး (၄) လုံးမှတ်ထားပါ။

1. Face မျက်နှာ။ မျက်နှာက တဖက်ဖက်ဖက် အောက်ငိုက်ကျနေပြီး ပြုံးဘို့ကြိုးစားနေသလား။

2. Arms လက်တွေ။ မြောက်ခိုင်းရင် တဖက်က တခြားဖက်လောက် မမြှောက်နိုင်ဘူးလား။

3. Speech စကား။ စကားတွေလေးနှေးပြီး လုံးထွေးနေသလား။

4. Time အချိန်။ အချိန်တိုင်းက အရေးကြီးတယ်။

တခြားလကဏာတွေ

• ကိုယ်ခန္ဓာတခြမ်း အားနည်းပြီးထုံနေမယ်။ • မျက်စိကြည့်ရတာလဲ ဝေဝါးနေမယ်။ တဖက်ကပိုသိသာမယ်။ • ခေါင်းအကြီးအကျယ်ကိုက်မယ်။ • ခေါင်းတအားမူးမယ်။ တည်တည်ငြိမ်ငြိမ်မနေနိုင်ဘူး။ ယုတ်ရက်လဲကျမယ်။ မလုပ်ရမှာကတော့ • ဘာတခုမှ မတိုက်ကြွေးပါနဲ့။ • မရွေ့စေပါနဲ့။ ဘာလုပ်ပေးရမလဲ • လူနာကိုအားပေးပါ။ • ခေါင်းနဲ့ပခုံးကိုနဲနဲမြှင့်ထားပြီးလှဲနေစေပါ။ • အသက်မရှူရင် CPR လုပ်ပါ။ • အသက်ကောင်းကောင်းမရှူရင် ဘယ်ဘက်စောင်းထားပေးပါ။ • မေးကိုရှေ့ထွက်နေပါစေ။ ဘယ်လိုကာကွယ်မလဲ • BP သွေးဖိအားပုံမှန်တိုင်းနေပါ။ • သွေးတိုးရှိနေရင် သွေးကျဆေးသောက်နေပါ။ • အငန်လျှော့စားသောက်ပါ။ • ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ • အစားအစာ မျှတအောင်စားသောက်ပါ။ ဘယ်လိုလူတွေကသတိထားကြရမလဲ ကျန်းမာရေးနောက်ခံမှာ • သွေးတိုး၊ • ဆီးချို၊ • နှလုံးရောဂါ၊ • အရင်ကလဲအဲလိုဖြစ်ဘူးတာရှိနိုင်မယ်။ • ဆေးလိပ်သောက်သူဖြစ်နိုင်တယ်။ • အသက်ကြီးလေ ဖြစ်နိုင်လေနေမယ်။

Reference

  1. ဒေါက်တာတင့်ဆွေ blog

Leave a comment