အားဆေး|Tonics

Tonics အားဆေး

ကျွန်မအဖေက အသက် ၄၄ ပါ။ အဖေက ခုတလော အားနည်းပြီး မူးမူးနေတယ် ပြောပါတယ်။ အလုပ်လဲ အရမ်းများပြီး ကမ္ဘာ့ဖလားတုန်းက ဘောလုံးပွဲ သန်းခေါင်ကျော် ကြည့်တာလဲ ပါပါလိမ့်မယ်။ အသက် ၄ဝကျော်တွေ စားသင့်တဲ့ အားဆေး ပြောပြပေးပါလား ဆရာ။ အဖေက ခြေတွေ လက်တွေမှာ အရေခွံလဲ လန်တတ်ပါတယ်။ တခြား အားဆေးတွေနဲ့ မတည့်ပဲ မြန်မာပြည်က ထုတ်တဲ့ Vitazone စားမှ အဲဒီ အရေခွံ လန်တာတွေ ပျောက်ပါတယ်။ တော်တော်လဲ သိသာပါတယ်။ အဖေက အားဆေးတွေ ပုံမှန်သောက်ပါတယ်။ စိတ်ဖိစီးမှုလဲ မများပါဘူး။

အရေပြား ကောင်းစေဘို့ ဗီတာမင် စီ၊ ဘီ၊ အေ စတာတွေ လိုမယ်။ အားဆေး မှန်သမျှ ဗီတာမင်တွေ ဖြစ်ပါတယ်။ ဗီတာမင်တွေထဲမှာ ဘီအုပ်စုကို ပေါင်းစပ်တာက အသုံးအများဆုံးဖြစ်တယ်။ ဗီတာဇုံးဆိုလည်း အဲဒါပါဘဲ။ B-Complex, Polybion စတဲ့ နာမည်တွေ အတော်ကို များများရှိတယ်။ ပါတာတွေက မတိမ်းမယိမ်းပါ။ ဒီဆေးကို လူတိုင်းသုံးစွဲလို့ရတယ်။

Furamin BC သံဓါတ်လို သွေးအားကောင်းဆေးထဲမှာလည်း ဗီတာမင် ရောတယ်။
(အမိုင်နို-အက်စစ်) ဆိုတဲ့ ပရိုတင်းဓါတ် ပါတဲ့ဆေးလည်း ရှိတယ်။ Moriamin Forte (Calcium pantothenic) ဆိုတာမျိုးပေါ့။
Deca-Durabolin လူကြီးအတွက် ဆိုပြီး Anabolic hormone ဟော်မုန်းတွေ ပါတာမျိုးလည်း ရှိသေးတယ်။ လူတိုင်းနဲ့ မသင့်ပါ။
Algae ရေမှော်ပင်ကနေထုတ်တဲ့ ဆေးမျိုးမှာ vitamins A, B1, B2, B6, C အပြင် Iodine, Potassium, Iron, Magnessium, Calcium ဓါတ်ဆားတွေ ပါတယ်။

ဆေးတွေက နာမယ်တွေသာ ကွာတယ် ဗီတာမင်တွေဘဲ၊ အတူတူပါဘဲလို့ ပြောရပေမဲ့ လူတဦးကနေ သူနဲ့ဒီဆေးက သူနဲ့ ပိုတည့်တယ်လို့ ဆိုနိုင်ပါတယ်။ ငြင်းစရာမရှိပါ။ လူဆိုတာ သူ့စိတ်ကနေ ဒါကပိုကောင်းတယ်လို့ ထင်နေတာကိုက သူ့အတွက် အားသားချက်တခု ဖြစ်စေတယ်။ စိတ်ရဲ့တန်ခိုးဆိုတာ သိပ်ကြီးမားတာကိုး။

ဆေးဝယ်ရင် ဆေးကုမ္ပဏီ ကောင်းကောင်းကနေ ထုတ်တာ ဝယ်သင့်တယ်။ အင်္ဂလန်နဲ့ ကနေဒါကထုတ်တဲ့ Multibionta ဗီတာမင်နဲ့ ဓါတ်ဆားတွေ ပါတဲ့ဆေးကို အာရှက ထုတ်တဲ့ဆေးတွေ လိုက်မမီပါ။ အိန္ဒိယထုတ် Maxirich ဆေးလည်း ကောင်းပါတယ်။ Neem, Karanj, Castor, Vermicompost သဘာဝ အပင်၊ ပစ္စည်းတွေကနေ ထုတ်တာဖြစ်တယ်။

ဒါပေမဲ့ တရုပ်၊ အိန္ဒိယ၊ ထိုင်း အပါအဝင် ညံ့တဲ့နိုင်ငံတွေက ထုတ်တဲ့ ဆေးတိုင်းကို အာမမခံနိုင်ပါ။

Reference

  1. Dr. တင့်ဆွေ blog

One comment

Leave a comment