
Tonsillitis အာသီးရောင်ခြင်း
ကျမသမီးက ငယ်ငယ်ကလေးဘဝထဲက အာသီးခဏခဏရောင်ပါတယ်။ ယခု သူ့အသက် ၂၇ နှစ်ပါရှင်။ အဲဒါနား နှခေါင်းလည်ချောင်းအထူးကုဆရာဝန်ကြီး ဒေါက်တာ့ နဲ့ အာသီးကိုခွဲထုတ်ရပါတယ်။ မခွဲက ကြာလျှင် ကင်ဆာ ဖြစ်နိုင်တယ်လို့ ဆရာဝန်ကြီးက ပြောပါတယ်ရှင်။ သမီးကလည်း အာသီးရောင်တာကနေ့တိုင်းနီးပါးပါး ဆိုတော့ ကျမတို့လည်း ခွဲထုတ်ပြီးရင် ဘာမှမဖြစ်တော့ဘူးလို့ ထင်ခဲ့တာ။ အခုခွဲပြီးတာ ၃ လရှိပါပြီ။ အာသီးခွဲတုံးက အနာကျက်ဆေး ၁ လုံး ၁ဝဝဝ/- တန် ၁ဝ ရက်ထိုးခဲ့ရပါတယ်။ ဒါပေမဲ့ အာသီးခွဲတဲ့နေရာမှာ ပြည်တည်နေပါတယ်။ အရင်လိုဘဲ အာသီးရောင်တဲ့အတိုင်း ခံစားနေရပါတယ်။ ပိုက်ဆံလည်းကုန်၊ လူလည်းနာနဲ့၊ သမီးလည်း တော်တော် စိတ်ဆင်းရဲပြီး သမီးအသက် ၃ဝ ပြည့်အောင်နေရမှာမဟုတ်ပါဘူးလို့ပြောနေပါတယ်ဆရာ။ ကျမတို့ ဘာဆက် လုပ်သင့်ပါသလဲဆရာ။
• လူတိုင်းမှာ အာသီးရှိတယ်။ ဘယ်-ညာ ၂ ခုစီ။ ကောင်းနေရင် မျက်စိနဲ့မြင်ရဘူး။ ရောင်လာမှ ကြီးလာ၊ နီလာ၊ ပြည်တည်တာတွေမြင်ရတယ်။
• ဗိုင်းရပ်စ် နဲ့ ဗက်တီးရီးယားတွေကနေ ရောင်စေတယ်။ ရောင်ရင် လည်ချောင်းနာပြီး ဖျားမယ်။
• Group A β-hemolytic streptococcus ဗက်တီးရီးယားကြောင့်ဖြစ်တာကို strep throat လို့ခေါ်ကြတယ်။
• အများစုက ဆေးမလိုဘဲ ပျောက်တယ်။ ၄ဝ% က ၃ ရက်သာကြာပြီး ၈၅% က တပါတ်သာကြာတယ်။
• ရှားပေမဲ့ ဆိုးတဲ့ Staphylococcus aureus ဗက်တီးရီးယားကနေလဲ ဖြစ်တယ်။ MRSA ဆိုရင်တော်တော့ဆေးကို ယဉ်တယ်။ Streptococcus pneumoniae, Mycoplasma pneumoniae, Chlamydia pneumoniae, pertussis, Fusobacterium, diphtheria, syphilis, and gonorrhea တွေကနေလဲဖြစ်နိုင်တယ်။ ကျန်တာတွေလဲရှိသေးပြန်တယ်။
• ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစားတွေက adenovirus, rhinovirus, influenza, coronavirus နဲ့ respiratory syncytial virus တွေဖြစ်ကြတယ်။ Epstein-Barr virus, herpes simplex virus, cytomegalovirus, or HIV ဗိုင်းရပ်စ် တွေကနေလဲ ဖြစ်တယ်။
ပါးစပ်ဟခိုင်းရင် နီရဲ-ရောင်နေတဲ့ အာသီး တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ်မြင်ရမယ်။ မျိုရမဲ့လမ်းကို ကျဉ်းရာကနေ ပိတ်လုလုအထိ ကြီးနေနိုင်တယ်။ ရက်တို ရောင်ရာကနေ ပြည်တည်နိုင်တယ်။
• ဆေးကုတဲ့အခါ
- အနာသက်သာဆေး paracetamol/acetaminophen and/or ibuprofen တခုခု ပေးရမယ်။ အနာသာမက အရောင်လဲလျော့၊ အဖျားလဲကျတယ်။
- ဆားရေနွေး၊ ငုံဆေး၊ ရေခဲငုံတာတွေကလဲ သက်သာစေလို့ သုံးသင့်တယ်။ Listerine mouth wash ကောင်းတယ်။
- penicillin or amoxicillin ကို ဗက်တီးရီးယားတွေအတွက် ပဌမတန်းစားအဖြစ်သုံးတယ်။
- Cephalosporins နဲ့ macrolides (erythromycin) တွေကဒုတိယဆေးအုပ်စုတွေဖြစ်တယ်။ ပနယ်စလင်ဆေး မတည့်သူကို Erythromycin ပေးနိုင်တယ်။
- နောက်တဆင့် clindamycin or amoxicillin-clavulanate ဆေးပေးမယ်။
- Abscess ပြည်တည်ရင် ခွဲထုတ်ရမယ်။
• ဗိုင်းရပ်စ်ကြောင့်ဖြစ်တာ ကြာမယ်။
• ခဏခဏဖြစ်နေသူဟာ အလာဂျီဖြစ်နိုင်တယ်။ ဗက်တီးရီးယားဆေးနဲ့ မရပါ။ Cetrizine ည ၁ လုံးကောက်ပါ။ မတည့်တာကိုရှောင်ပါ။
• နာတာရှည်နေသူကို Tonsillectomy ခွဲစိတ်ရတယ်။
Amoxicillin အမောက်ဆာစလင်
• အသက်ရှူလမ်း အထက်ပိုင်းပိုးဝင်ခြင်း = တခါသောက် 250 – 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 – 875 mg တနေ့ ၂ ခါ၊
• လေပြွန်ရောင်ခြင်း = တခါသောက် 250 – 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 – 875 mg တနေ့ ၂ ခါ၊
• အာသီး-အာခေါင်ရောင်ခြင်း = တခါသောက် 250 – 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 – 875 mg တနေ့ ၂ ခါ၊
Azithromycin (အဇစ်သရိုမိုင်စင်)
Generic ဆေးနာမည်ရင်းဖြစ်တယ်။ (မက်ခရိုလိုက်အုပ်စု) ပဋိဇီဝဆေး ဖြစ်တယ်။ ဆေးကုမ္ပဏီတွေက Zithromax®, Zithromax® TRI-PAK™, Zithromax® Z-PAK®, Zmax™ နာမည်တွေ ပေးထားတယ်။
ပေးနိုင်တဲ့ရောဂါတွေ –
လေပြွန်ရောင်ခြင်း အပါအဝင် အသက်ရှူလမ်းပိုးဝင်ခြင်းများ၊ နားရောင်ခြင်း၊ ဆိုင်းနပ်စ်၊ နူမိုးနီးယား၊ အာသီးရောင်၊ လည်ချောင်းနာ၊ အရေပြားအနာအမျိုးမျိုး၊ PID တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း၊ ခရီးသွား-ဝမ်းပျက်ခြင်း၊ ကြက်ညှာချောင်းဆိုးရောဂါတွေအတွက် ပေးနိုင်တယ်။ STDs လိင်ကတဆင့်ကူးစက်ရောဂါများ = (ဂနိုးရီးယား)၊ (ကလာမိုင်ဒီးယား)၊ (ရှန်ကာရွိုက်)။ (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တဲ့ တုပ်ကွေး၊ အစာအိမ်-တုပ်ကွေး၊ အအေးမိခြင်းတွေကို ဒီဆေးက မနိုင်ဘူး။
Azithromycin ဘေးထွက်-ဆိုးကျိုး
ပျို့၊ ဝမ်းပျက်၊ အန်၊ ကြွက်တက်၊ ဗိုက်အောင့်၊ ခေါင်းကိုက်။ ကိုယ်ဝန်ဆောင် နဲ့ နို့တိုက် မိခင်တွေကို သတိဖြင့်ပေးပါ၊ Aluminum နဲ့ Magnesium ပါတဲ့ Antacids လေနာသက်သာဆေးတွေနဲ့ တွဲမသောက်ပါနဲ့။ ဆေးကို အစာနဲ့ နီးနီး-ဝေးဝေး ပေးနိုင်တယ်။ ဆေးကြောင့် ပျို့-အန်ချင်သူတွေက အစာနဲ့သောက်ပါ။ ရေဖန်ခွက်တခွက် သောက်ပါ။ နေ့တိုင်း အချိန်တူမှာသောက်ပါ။ ဆေးသက်တမ်း ကောင်းပါစေ။ Azithromycin extended-release suspension (Zmax™) အမျိုးအစား ဆေးရည်ဆိုရင် အစာမစားခင် ၂ နာရီကြိုတင် သောက်ထားပါ။
• ရက်တို နားအလည်ပိုင်းရောင်ခြင်း၊ လူစုလူဝေးက ရတဲ့ နူမိုးနီးယား၊ အာသီး-အာခေါင်ရောင်ခြင်း၊ အရေပြားအနာများ၊ ဆိုင်းနပ်စ် ရောဂါ။ STD (ကလာမိုင်ဒီးယား) ကြောင့် ဆီးပြွန်အဝ-သားအိမ်အဝ ရောင်ခြင်း၊ = ပဌမနေ့မှာ 500 mg ပေး၊ ဒိနောက် 250 mg တရက်တခါ၊ ၄ ရက်။
• နာတာရှည် လေပြွန်ရောင်၊ (လိုင်မ်) ရောဂါ၊ လိင်မှတဆင့် ကူးစက်ရောဂါများ၊ နှလုံးအတွင်းသား-အရိုးအဆစ်-အစာခြေလမ်း- သားအိမ်အဝ ရောင်ခြင်း၊ နားပြည်ယိုခြင်း၊ သာမန် တိုက်ဖွိုက်၊ အသက်ရှူလမ်း၊ အရေပြား ပိုးဝင်ခြင်း၊ နူမိုးနီးယား = 250-500 mg Daily (7.5-20 mg/kg) တနေ့တခါသောက်ပါ။
• နာတာရှည် အသက်ရှူလမ်းပိတ် ရောဂါ ပြန်ထခြင်း = 500 mg တရက်ပေး၊ ဒိနောက် 250 mg တရက်တခါ၊ ၄ ရက်ပေး။
• (ဂနိုရီးယား) ဆီးပြွန်ရောင်ခြင်း၊ သားအိမ်ဝရောင်ခြင်း = 2 g တခါတည်းပေး။
• လိင်လမ်း (ရှန်ကာ) အနာ၊ (ဂနိုရီးယား) မဟုတ်တဲ့ ဆီးပြွန်ရောင်ခြင်း၊ သားအိမ်ဝရောင်ခြင်း = 1 g တခါတည်းပေး။
• ဂိုနိုးရီးယားကြောင့် မျက်စိနာခြင်း = 20 mg/kg တခါတည်းပေးပါ။ 1% မျက်စဉ်းခပ်ပါ။
• ရက်တိုဖြစ်တဲ့ တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း = 500 mg IV ကို သွေးပြန်ကြောထဲ ၁ နာရီအတွင်းသွင်းပါ၊ ၁-၂ ရက်။
• STD လိင်ကတဆင့်ကူးစက်ရောဂါ ကာကွယ်ရန် = 1 g တခါတည်းသောက်ပါ။
• STD လိင်ကတဆင့်ကူးစက်ရောဂါ ကာကွယ်ရန် = ဆေး ၃ မျိုးတွဲနည်းအရ (Ceftriaxone or Cefixime + Metronidazole + Azithromycin or Doxycycline) ပေးပါ။
ကလေးတွေအတွက် ဆေးရည်မှာ 100mg/5mL နဲ့ 200mg/5mL လာတယ်။ ထိုးဆေးမှာ 500mg ပါတယ်။ Tablet ဆေးပြာမှာ 250mg, 500mg, 600mg လာတယ်။
• နားအလည်ပိုင်း ရောင်ခြင်း၊ အသက် ၆ လ အထက်ကလေး = 30 mg/kg for 3 days or 10 mg/kg x 1 on day 1 followed by 5 mg/kg 2 – 5 days
• လူစုလူဝေးကနေရတဲ့ နူမိုးနီးယား၊ အသက် ၆ လ အထက်ကလေး = 10 mg/kg x 1 on day 1 followed by 5 mg/kg days 2 – 5 days
• ရက်တို ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ ဆိုင်းနူဆိုက်တစ် = 10 mg/kg oral suspension PO qDay x 3 days
• အာသီး၊ အာခေါင်ရောင်ခြင်း၊ ၂ နှစ်အထက် = 12 mg/kg PO qDay x 5 days; maximum 500 mg/day
• MAC ကာကွယ်ရန်၊ ၆ နှစ်အထက် ကလေး = 20 mg/kg တပါတ်တခါပေးပါ။
Ofloxacin (အိုဖလောက်ဆာစင်)
• Generic ဆေးနာမည်ရင်းဖြစ်တယ်။ ဆေးကုမ္ပဏီတွေက နာမည်တွေပေးထားတယ်။ ဥပမာ Floxin
• ပဋိဇီဝဆေး၊ (ဗက်တီးရီးယား) တွေကိုနိုင်တယ်။
• ဆေးပြား 200mg, 300mg, 400mg နဲ့လာတယ်။
• Haemophilus influenzae နဲ့ Streptococcus pneumoniae ပိုးတွေကြောင့်ဖြစ်တဲ့ နူမိုးနီးယား နဲ့ လေပြွန်ရောင်တာကို အများဆုံးသုံးတယ်။
• Staphylococcus aureus နဲ့ Streptococcus pyogenes ပိုးတွေကြောင့်ဖြစ်တဲ့ အရေပြားနာတွေ အတွက်လဲ သုံးတယ်။
• STDs လိင်ကတဆင့် ကူးစက်ရောဂါများတွေဖြစ်တဲ့ (ဂနိုးရီးယား) နဲ့ (ကလာမိုင်ဒီးယား) အတွက်လဲ သုံးတယ်။ (ဆစ်ဖလစ်) ကို မနိုင်ဘူး။
• E. Coli ပိုးကြောင့်ဖြစ်တဲ့ ဆီးလမ်းရောင်တာနဲ့ ဆီးကျိတ်ရောင်တာတွေအတွက်လဲ သုံးတယ်။
• Streptococcus, Enterococcus နဲ့ Anaerobic bacteria တွေကို ဒီဆေးကမနိုင်ဘူး။
• ပန်းနာအတွက်သုံးတဲ့ Theophylline နဲ့တွဲရင် သတိထားရမယ်။ အတက်ရောဂါရှိသူတွေကိုလဲ သတိထားရတယ်။ အသက် ၁၈ နှစ်အောက်ကေလး မပေးသင့်ဘူး။
• ဒီဆေးသောက်နေချိန်မှာ နေရောင်သိပ်မထိတာကောင်းတယ်။ သွေးယိုတာ နဲနဲဖြစ်နိုင်တယ်။ ဆီးချို နဲနဲတက်နိုင်တယ်။
• ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်တွေမှာ ဒီဆေးမပေးတာကောင်းတယ်။
Ofloxacin ဘေးထွက်-ဆိုးကျိုး
ပျို့၊ ဝမ်းပျက်၊ အန်၊ ခေါင်းကိုက်။ အိပ်မရတာ၊ ခေါင်းမူးတာ၊ ယားတာ၊ အမျိုးသမီးတွေ (ဗဂျိုင်းနား) ရောင်တာတွေဖြစ်နိုင်တယ်။ ဖနောင့်ကြောကိုထိခိုက်နိုင်လို့ ဆေးပေးနေတုံး ပြင်းပြင်းထံထံ လေ့ကျင့်ခန်း-အလုပ်လုပ်တာ ရှောင်ရမယ်။
Ofloxacin အပါအဝင် ပဋိဇီဝဆေးတွေကြောင့် အူတွေထဲမှာ ပုံမှန်နေကြတဲ့ (ဗက်တီးရီးယား) တွေ အခြေအနေ ပြောင်းစေတယ်။ အူမကြီးရောင်တာ ဖြစ်စေနိုင်တယ်။ ဖျားမယ်၊ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်၊ ရှားရှားပါးပါး (ရှော့ခ်) ရတတ်တယ်။
Reference
- ဒေါက်တာတင့်ဆွေblog