Can vitamins help boost your memory? ဗီတာမင်တွေက မှတ်ဉာဏ် တိုးစေနိုင်သလား

ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေကို ဆယ်စုနှစ်နဲ့ သောက်ခဲ့ကြတဲ့ လူကြီးတွေမှာ Memory test မှတ်ဉာဏ်-စမ်းသပ်မှု လုပ်ကြည့်တော့ ပိုကောင်းကြတာကို ပြင်သစ်မှာ တွေ့လာရတယ်။
အသက်ကြီးလာသူတွေဟာ အစားအစာ လုံလောက် ပြည့်စုံအောင် စားသုံတော့ စဉ်းစားမှု နဲ့ မှတ်ဉာဏ်အတွက် ပိုကောင်းမယ်ဆိုတာ ဒိထက် ကျယ်ပြန့်တဲ့ လေ့လာမှုတွေတော့ လိုပါသေးတယ်။
UK နိုင်ငံ University of Aberdeen က အာဟာရ-ပညာရှင် Geraldine McNeill ကပြောတာက “အဆန်းကြီးတော့ မဟုတ်ပါ။ လူတိုင်း သောက်သင့်ပါတယ်။”
ပြောခဲ့တဲ့ သုတေသနမှာ မပါခဲ့သူ McNeill ပြောတာက “Vitamins ဗီတာမင် နဲ့ Minerals ဓါတ်ဆား နည်းနေသူတွေ အတွက် ကတော့ မှတ်ဉာဏ် တိုးစေနိုင်ပါတယ်။”
စစ်တမ်းလုပ်ရာမှာ ပါခဲ့တဲ့ ပြင်သစ်နိုင်ငံ University of Paris XIII က Emmanuelle Kesse-Guyot ပြောတာကတော့ အရင်ကလည်း အစာအာဟာရ ကောင်းမွန် ပြည့်စုံတာနဲ့ စဉ်းစားမှု နဲ့ မှတ်ဉာဏ် ဆက်စပ်နေတာကို သိထားပြီးသားပါ။ ဒါပေမဲ့ အကြောင်းနဲ့ အကျိုး ဆက်စပ်မှုသာ မသိခဲ့တာ။
“မေးစရာ တခုကတော့ အာဟာရအပေါ် စဉ်းစား-တွေးခေါ်မှုကမှီတည်သလား၊ ပြောင်းပြန်လား။ သေခြာတာ အသိပညာ-အတွေးအမြင် ကောင်းသူတွေက အစားအစာကိုလဲ ကောင်းမွန်တာ ရွေးတတ်တယ်” လို့ သူမကဘဲ ဆက်ပြောပါတယ်။
Kesse-Guyot နဲ့အဖွဲ့က ပြင်သစ် နိုင်ငံသူ နိုငံသားပေါင်း ၄၅၀၀ လောက်ကို စမ်းသပ်ခဲ့တာပါ။ ၁၉၉၄ ကတည်းက အစမ်းသပ်ခံမဲ့သူတွေကို အုပ်စု ၂ ခုခွဲပြီး တစုကို နေ့တိုင်း Vitamins C and E, Selenium, Zinc နဲ့ beta-carotene တွေကို ၈ နှစ်တာ တိုက်ကြွေးခဲ့တယ်။ ကျန် တအုပ်စုကိုတော့ Placebo pill ခေါ်တဲ့ အဲလို အာဟာရဓါတ် မပါတဲ့ ဆေးကိုသာ ပေးခဲ့တာ ဖြစ်တယ်။ ကာယကံရှင်တွေဟာ သူတို့ သောက်တဲ့ဆေးက ဗီတာမင်ဆေး အတုလား အစစ်လား မသိကြပါ။ ၈ နှစ်ကြာတော့ သူတို့ သောက်ချင်တာကိုသာ သောက်စေခဲ့တယ်။ နောက် ၆ နှစ်အကြာမှာ ဓါတ်ခွဲခန်းကို ပြန်ခေါ်ပြီး Memory tests တူညီတဲ့ မှတ်ဉာဏ်-စမ်းသပ်မှုတွေ လုပ်ပါတယ်။ Long-term memory ရေရှည်မှတ်ဉာဏ်ပြိုင်ပွဲမှာ ဗီတာမင်ဆေး အစစ်ပေးခဲ့သူတွေက အနိုင်ရရှိတာ တွေ့ရတယ်။
စစ်ဆေးမှုတွေကို နည်းမျိုးစုံနဲ့ အသေအခြာ လုပ်ခဲ့တာပါလို့ American Journal of Clinical Nutrition မှာ ရေးသားထားပါတယ်။ တွေ့ရှိချက်တွေဟာ well-balanced မျှတကောင်းမွန်တဲ့ Antioxidant nutrients အဆိပ်အတောက် ဖယ်ပေးတဲ့ အာဟာရ-ဆေးတွေကို Nutritional doses သင့်လျှော်တဲ့ အဆ ပေးပြီးစမ်းတာ ဖြစ်ပြီး၊ Cognitive performance အသိတရား ဆိုင်ရာအလုပ်၊ အထူးသဖြင့် Verbal memory မှတ်ဉာဏ်အတွက် တကယ် အကျိုးဖြစ်စေတာ ဖြစ်ပါတယ်။
McNeill ကပြောတကလဲ “စမ်းသပ်ခံလူတွေဟာ သူတို့ဖါသာသူတို့လဲ အသီးဖျော်ရည် သောက်ရာကနေ Vitamin C ရမယ်၊ Plant oil အသီအနှံဆီတမျိုးမျိုးကနေ Vitamin E ရကြပါလိမ့်မယ်။ အပိုဆောင်းဆေး သောက်ဘို့ ကျမအတွက်ကတော့ မဖြစ်မှ သောက်မှာပါ။”
Boston Tufts University က အာဟာရ သုတေသန ပညာရှင် Barbara Shukitt-Hale ပြောတာက ဗီတာမင် သောက်တာဟာ Brainpower ဦးနှောက် စွမ်းအားအတွက်ဆိုတာ သိဘို့က ပိုအရေးကြီးပါတယ်။ သူမဘဲ ဆက်ပြောတာက “ဗီတာမင်တွေဟာ မှတ်ဉာဏ်အတွက် ကောင်းတယ်။ ပိုအရေးကြီးတာက ဦးနှောက်ဉာဏ် သန်နေစေဘို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားသုံးဘို့ နဲ့ လူက တက်ကြွနေဘို့ပါဘဲ။”
Reference
- Dr. Tint Swe blog