ဘယ်လိုအခါမှာ လိင်တံကျိုးနိုင်သလဲ
အမျိုးသားများအတွက် အလန့်တကြား ထမေးသောမေးခွန်းမှာ လိင်တံပြည်ကျနေပါတယ် ဘာလို့ဖြစ်တာလဲ ?ကူးစက်ရောဂါလား? ဆီးလမ်းကြောင်းပြည်ကျခြင်းသည် သေချာကုသရန် လိုအပ်သောရောဂါတစ်ခုပါ။ ပြည်ကျရသော အကြောင်းရင်းများစွာရှိပါတယ်။ အကယ်၍ ပုံမှန်မဟုတ်သော အရည်တစ်မျိုးမျိုးကနေခြင်းသည် သတိထားသင့်သော အချက်ပါ။ လိင်တံအရည်ကျခြင်းသည် ပိုးကူးစက်ခြင်းကြောင့်ဟုဆိုလျှင် ဘက်တီးရီးယားလား? ဗိုင်းရပ်စ်လား? မှိုပိုးကြောင့်လား? စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။ လိင်တံအရည်ကျခြင်းဆိုသည်မှာ ဆီးနှင့်သုတ်ရည်မဟုတ်ဘဲ ပုံမှန်မဟုတ်သော အရည်တမျိုးမျိုးကျခြင်းကို ဆိုလိုပါတယ်။ ၎င်းဖြစ်သောလက္ခဏာသည် အများအားဖြင့် လိင်ဆက်ဆံခြင်းကြောင့် ကူးစက်သော ရောဂါကြောင့်ဖြစ်နိုင်ပြီး လျှင်မြန်စွာရောဂါရှာဖွေရန်နှင့် ကုသမူယူရန် လိုအပ်ပါတယ်။ လက္ခဏာများမှာ ထွက်သောအရည်ပမာဏသည် အနည်းအများကွာခြားတတ်ပြီး အရောင်အနေဖြင့် အဝါရောင် သို့မဟုတ် အစိမ်းရောင်ဖြစ်နိုင်တယ်။ အချို့သည် မနက်ပိုင်းကျတတ်ပြီး အချို့မှာမူ တနေကုန်တောက်လျောက် ကျတတ်ပါတယ်။ အရည်ကျခြင်းနှင့်အတူ ခံစားရနိုင်သော လက္ခဏာများမှာ ….. – ဆီးပူခြင်း –…
ဆယ်ကျော်သက်နှင့် စိတ် ၂ မျိုး
ဆယ်ကျော်သက်အရွယ်တွင် စိတ်ဓာတ်အတက်အကျမမှန်မှုသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ စိတ် ၂ ခွဖြစ်နေသူသည် စိတ်ဓာတ်ကျလိုက်၊ မိမိကိုယ်မိမိအထင်ကြီးခြင်း အစရှိသည့်အခြေအနေကိုဆိုလိုပါတယ်။ ဆယ်ကျော်သက်အရွယ်တွင် ဟော်မုန်းပြောင်းလဲမူကြောင့် စိတ်အခြေအနေပြောင်းလဲမှု အလွယ်တကူဖြစ်စေတတ်သည်ကိုလည်း သတိထားသင့်ပါတယ်။ စိတ် ၂ ခွဖြစ်သူသည် စိတ်ဓာတ်အခြေအနေပြောင်းလဲမှုမြန်ဆန် တည်ငြိမ်မူမရှိခြင်းကြောင့် နေ့စဉ်နေထိုင်မူကို အနှောက်အယှက်ဖြစ်စေနိုင်သောကြောင့် ကုသမူခံယူရန်လိုအပ်ပါတယ်။ ကုသမူပေးသူများအနေဖြင့် …….. စိတ်အတက်အကျမမှန်ခြင်းနှင့် ဆယ်ကျော်သက်အရွယ်ဆက်စပ်မူကို သေချာလေ့လာပြီး အခြားသောဆယ်ကျော်သက်အရွယ် စိတ်ပြောင်းလဲမူနှင့် ကွာခြားကို သိရှိရန်လိုအပ်ပါတယ်။ စိတ် ၂ ခွဖြစ်နေသူသည် နာတာရှည်အခြေအနေဖြစ်ပြီး လူတစ်ယောက်စိတ်အခြေအနေနှင့် ခွန်အားပေါ်မူတည်၍ ပြောင်းလဲမူဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် စိတ်ဓာတ်တက်ကြွခြင်းနှင့် စိတ်ဓာတ်ကျခြင်း၊ နှစ်ခွဖြစ်နိုင်သည်။ သို့သော် အချို့လူများတွင် စိတ်ဓာတ်တက်ကြွခြင်း၊ မိမိကိုယ်မိမိအထင်ကြီးလွန်ခြင်းသည်သာဖြစ်ပြီး စိတ်ဓာတ်ကျခြင်းမရှိပါ။ စိတ်ဓာတ်တက်ကြွသောအချိန်တွင် လူတစ်ယောက်သည် ပုံမှန်ထက်အားအင်ပြည့်သလိုခံစားရခြင်း၊ ပိုမိုစိတ်လူပ်ရှားခြင်းများ ဖြစ်နေပါတယ်။ ပုံမှန်ထက် တက်ကြွနေတတ်ပါတယ်။…
သိုင်းလောကသားတွေအတွက်မျှော့
သာမန်လူတွေအနေနဲ့ဆိုရင် မျှော့ဆိုတာဟာ လူကိုတွယ်ကပ်ပြီး သွေးစုပ်တတ်တဲ့သတ္တဝါ၊ ကြောက်စရာ ရွံ့စရာကောင်းတဲ့သတ္တဝါလို့ပဲ သိကြပြီး သိုင်းလောကသားတွေက ဘာလို့ ဒီသတ္တဝါကို သဘောကျရတာလဲဆိုပြီး နားမလည်ဖြစ်နိုင်ပါတယ်။ အမှန်တကယ်တော့ သိုင်းလောကသားတွေသဘာကျတဲ့ မျှော့ဆိုတာဟာ မိန်းမကိုယ်ထဲမှာရှိတဲ့မျှော့ပါ။ သာမန်လူတွေသိကြတဲ့ လူကိုတွယ်ကပ်သွေးစုပ်တဲ့ မျှော့သတ္တဝါမဟုတ်ပါဘူး။ ခေတ်အဆက်ဆက် သိုင်းလောကသားတွေ ဝိုင်းဖွဲ့စကားပြောတဲ့အခါ သက်ရွယ်ကြီးအတွေ့အကြုံများတဲ့ သိုင်းအဖွဲ့မှူးများက သက်ငယ်သိုင်းသမားအသစ်များကို ကိတ်တဲ့အမျိုးသမီး၊ လန်းတဲ့အမျိုးသမီးတွေထက် မိန်းမကိုယ်မျှော့ပါတဲ့အမျိုးသမီးတွေကပိုပြီး အမျိုးသားတွေကို တန်းတန်းစွဲဖြစ်စေတတ်ကြောင်းကို ပြောပြလေ့ရှိပါတယ်။ အဲ့အခါ သက်ငယ်သိုင်းသမားတွေကလည်း မိန်းမကိုယ်မှာရှိတဲ့မျှော့ဆိုတော့ မိန်းမကိုယ်ဘယ်နားမှာရှိတာလဲ။ ဘယ်လိုအရာလေးလဲ။ အသက်ရှိလား။ အများသိကြတဲ့မျှော့သတ္တဝါလိုပုံစံလေးလား စသဖြင့် သက်ရွယ်ကြီးအတွေ့အကြုံများတဲ့ သိုင်းအဖွဲ့မှူးများကို မေးကြ၊စပ်စုကြပြီး အခွင့်သာတုန်း သိုင်းဗဟုသုတတိုးပွားအောင်လုပ်လေ့ရှိပါတယ်။ ဒါကြောင့်ဒီတပတ်မှာ သိုင်းလောကသားတွေအပြောများတဲ့ မိန်းမကိုယ်မျှော့အကြောင်းကို သက်ငယ်သိုင်းသမားအသစ်များသာမက သိုင်းသမားမဟုတ်တဲ့ တခြားသူများပါသိအောင် ရေးသားတင်ပြလိုက်ရပါတယ်။ အမှန်တကယ်တော့ မိန်းမကိုယ်မှာရှိတဲ့မျှော့ဆိုတာဟာ ဘယ်နားမှာရှိတယ်၊ ဘယ်လိုအရာလေးဖြစ်တယ်ဆိုပြီး…
သဘာဝနည်းလမ်းများဖြင့် ကိုယ်ဝန်ဆောင်ပါ
အမျိုးသားနှင့် အမျိုးသမီးများတွင် ကလေးရရန် မျိုးရိုးဗီဇဆိုင်ရာအချက်များနှင့် ပတ်ဝန်းကျင် သက်ရောက်မူအချက်များသည် များစွာသက်ရောက်မူရှိပါတယ်။ ကလေးရရန် သဘာဝနည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။ အမျိုးသားရော အမျိုးသမီးများပါ ဘယ်လို သဘာဝနည်းလမ်းများသည် ကလေးရစေပါစေသလဲ? အမျိုးသမီးများတွင် စိတ်ဖိဆီးမှုလျော့ချခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းသည် ကလေးပိုမိုရလွယ်ပြီး အမျိုးသားများသည် အရက်ဖြတ် ဆေးလိပ်ဖြတ်ရုံနဲ့ ကလေးရလွယ်ကြောင်း သင်အံ့သြဖွယ်တွေ့ရပါလိမ့်မယ်။ အမျိုးသမီးများအတွက် နည်းလမ်းများ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်နိုင်ရန် နည်းလမ်းများစွာရှိပါတယ်။ (1) စိတ်ဖိစီးမှု လျော့ချခြင်း စိတ်ဖိစီးမှုများခြင်းသည် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်နိုင်ရန် အခက်အခဲဖြစ်စေပါတယ်။ အမျိုးသမီးများရဲ့တံထွေးမှ စိတ်ဖိစီးမှုရှိလျှင်ထွက်သော အယ်ဖာအမိုင်လေ့ဆိုသော ဟော်မုန်းကို တိုင်းတာနိုင်ပါတယ်။ ၂၀၁၁ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့လာချက်အရ အဆိုပါ ဟော်မုန်းများသော အမျိုးသမီးများတွင် သဘာဝအရ အလိုအလျောက် ကိုယ်ဝန်ဆောင်ရန် ခက်ခဲမူဖြစ်စေသည်ကို တွေ့ရှိရပါတယ်။ ထိုအခါမျိုးတွင် စိတ်ဖိဆီးမူလျော့ကျစေသော အပြုအမူနည်းလမ်းများအသုံးပြုပါက…
ဖန်ပြွန်သန္ဓေသား လူတိုင်းယူလို့ရသလား
ဖန်ပြွန်သန္ဓေယူခြင်းဆိုတာဟာ အကြောင်းအမျိုးမျိုးကြောင့် ကလေးရဖို့ခက်နေတဲ့အိမ်ထောင်စုံတွဲတွေမှာ အမျိုးသားရဲ့သုတ်ကောင်တွေ နှင့် အမျိုးသမီးရဲ့သားဥတွေကိုထုတ်ယူကာ ခန္ဓာကိုယ်ပြင်ပ ဓါတ်ခွဲခန်းထဲကအထူးပြုလုပ်ထားတဲ့ဖန်ပြွန်ထဲမှာပေါင်းစပ်စေပြီး ရလာတဲ့သန္ဓေအောင်ဥ ကို သားအိမ်ထဲတိုက်ရိုက်ထည့်ခြင်းဖြင့် ကိုယ်ဝန်ရအောင်လုပ်ခြင်းဖြစ်ပါတယ်။ ဆေးပညာအရတော့ဒီလိုလုပ်တာကို In vitro fertilization(IVF) လို့ခေါ်ပါတယ်။ ကလေးရဖို့ ခက်ခဲတိုင်း IVF တန်းမလုပ်ပေးပါဘူး။လုပ်ဖို့လည်းမလိုသေးနိုင်ပါ။ ဘာလို့လဲဆိုတော့ IVF လုပ်ခြင်းဟာ ကုန်ကျစရိတ်လည်းအရမ်းများတဲ့အပြင် လုပ်ရတဲ့အဆင့်တွေကလည်းများလို့ပါ။ IVF လုပ်တဲ့အခါ အဆင့် ၄ ဆင့်ရှိပါတယ်။ အဲ့ဒါတွေကတော့ အဆင့်၁-မမျိုးဥကြွေအောင်လှုံ့ဆော်ခြင်း ပုံမှန်အတိုင်းဆိုရင် အမျိုးသမီးတွေဟာ တလကို မမျိုးဥတလုံးပဲကြွေပါတယ်။ IVF နည်းဖြင့် ကိုယ်ဝန်ဆောင်မယ်ဆိုရင်ပုံမှန်ကြွေတဲ့ မမျိုးဥတလုံးတည်းနဲ့မလုံလောက်ပါဘူး။ပျက်စီးဆုံးရှုံးနိုင်ခြေကိုပါတွက်ပြီး မမျိုးဥကိုများနိုင်သလောက်များများယူထားဖို့လိုပါတယ်။ ဒါကြောင့် မျိုးဥအိမ်မှ မျိုးဥများများကြွေအောင် လှုံဆော်ပေးတဲ့ ဟော်မုန်းဆေးတွေ သို့မဟုတ် သန္ဓေအောင်အားဆေးတွေသောက်တာ ထိုးတာတွေလုပ်ရနိုင်ပါတယ်။ ဒီလိုမလုပ်ခင်နဲ့လုပ်နေစဉ်အတွင်းမှာ သားဥကြွေမကြွေ၊ဟော်မုန်းပမာဏကောင်းမကောင်းသိဖို့အတွက် အာထရာဆောင်းရိုက်တာ၊သွေးတွင်းဟော်မုန်းစစ်တာတွေလည်းမကြာခဏလုပ်ဖို့လိုနိုင်ပါတယ်။ အဆင့်၂-မမျိုးဥ ထုတ်ယူသိမ်းဆည်းခြင်း…
ရာသီလာချိန်မှာ လုံးဝမလုပ်ရမယ့်အရာတွေ
ရာသီလာချိန်မှာ လုံးဝမလုပ်ရမယ့်အရာတွေ အပျိုဖော်ဝင်ချိန်မှစ၍ အမျိုးသမီးတိုင်း သွေးမဆုံးချိန်ထိ ရာသီသွေး လစဉ်ဆင်းသည်မှာ ဓမ္မတာတစ်ရပ်ပါ။ ရာသီသွေးဆင်းခြင်းသည် အမျိုးသမီးတိုင်းစိတ်အနှောက်အယှက်တစ်ခုကဲ့သို့ခံစားရသောအချိန်ဟု လူတိုင်းလက်ခံထားကြပါတယ်။ ရာသီဆင်းနေချိန်သည် မိမိကိုယ်မိမိ သတိထားရသောအချိန်လည်းဖြစ်ပါတယ်။ ရာသီလာချိန်တွင် မည်သို့နေထိုင်သင့်သလဲဆိုတာကလည်း အရေးကြီးသောအချက်များပင်ဖြစ်ပါတယ်။ ရာသီလာချိန်တွင် ပြုလုပ်သင့်သောအရာနှင့် မပြုလုပ်သင့်သောအရာများကို ကောင်းစွာသဘောပေါက်မှသာ ရာသီသွေးဆင်းချိန်တွင် ကျန်းမာရေးနေထိူင်မူအဆင်ပြေနိုင်မှာပါ။ လေ့လာချက်များအရ အမျိုးသမီးများသည် ရာသီလာချိန်တွင် စိတ်ရော ကိုယ်ပါ ဖိဆီးနေတတ်ပါတယ်။ ခေါင်းကိုက်၊ ဗိုက်နာ၊ ပျို့အန်၊ ကိုယ်ပူခြင်းနှင့် လေပွခြင်းစသည်တို့ဖြစ်တတ်ပါတယ်။ (1)ရာသီလာချိန်တွင် ပြုလုပ်သင့်သောအရာများ -ရေချိုးပါ အမျိုးသမီးများသည် ရာသီလာချိန်တွင် မောပန်းနွယ်နယ်သကဲ့သို့ခံစားရပြီး ခြေလက်များမလှုပ်ချင်မကိုင်ချင်အောင်လေးလံနေပါလိမ့်မယ်။ ထိုအခါမျိုးတွင် လန်းဆန်းတက်ကြွနေရန် တကိုယ်ရည်သန့်ရှင်းမူကိုအထူးပြုလုပ်ပါ။ အတွင်းခံနှင့် အောက်ခံဂွမ်းထုပ်များ လဲလှယ်ပါ။ ရေချိုးပါ။ -လေ့ကျင့်ခန်းလုပ်ပါ အကယ်၍ ရာသီလာချိန်တွင် ဗိုက်နာ ဗိုက်အောင့်ဖြစ်တတ်သူများသည် သက်သာစေရန်ပေါ့ပါးသောလေ့ကျင့်ခန်းလုပ်ပါ။ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်းဖြင့်…
ဘာလို့သင်းကွပ်ကြတာလဲ
သင်းကွပ်တယ်ဆိုတာဟာ ကယ်ပယ်အိတ်ထဲမှာရှိတဲ့ ဝှေးစေ့နှစ်လုံးကို ဖယ်ရှားတာ သို့မဟုတ် ဖျက်ဆီးပစ်တာဖြစ်ပါတယ်။လိင်တံ (Penis) ကိုတော့ ချန်ခဲ့လေ့ရှိပါတယ်။ လူတွေမှာလည်း လုပ်နိုင်သလို တိရစ္ဆာန်တွေမှာလည်း လုပ်နိုင်ပါတယ်။ လူတွေသင်းကွပ်တာကို Castration သို့မဟုတ် orchidectomy လို့ ခေါ်ပါတယ်။ တိရိစ္ဆာန်တွေသင်းကွပ်တာကိုတော့ Neutering လို့ခေါ်ပါတယ်။ လူအမျိုးသားတွေကို သင်းကွပ်ခြင်းဟာ ရှေးယခင်ကတည်းရှိခဲ့တာပါ။ ရှေးဘုရင်တွေလက်ထက် မိဖုရား၊ မောင်းမတွေအနားမှာ ခစားစောင့်ရှောက်ရတဲ့ အမျိုးသားတွေဟာ သင်းကွပ်ခြင်းခံကြရပါတယ်။ သင်းကွပ်ပြီးတဲ့ အမျိုးသားတွေကိုပဲ မိဖုရား၊ မောင်းမတွေအနားမှာ စောင့်ရှောက်စေပါတယ်။ (ဥပမာပြောရရင် တရုတ်ကားတွေထဲက ကုန်းကုန်းတွေပါ) ဘာဖြစ်လို့လဲဆိုတော့ သင်းကွပ်မထားတဲ့ အမျိုးသားတွေကို မိဖုရား၊ မောင်းမတွေအနားမှာထားရင် ငြိစွန်းကုန်မှာ စိုးတဲ့အတွက်ကြောင့်ပါ။ (ဒီနေရာမှာ စာဖတ်ပရိသတ်တချို့အနေနဲ့မေးစရာရှိတာက ဆရာပြောသလို သင်းကွပ်တဲ့အခါ ဝှေးစေ့တွေကိုပဲ ဖယ်ရှားဖျက်စီးပြီး လိင်တံကိုချန်ခဲ့တော့ ကုန်းကုန်းတွေဟာ အခွင့်အရေးရရင်…
ဗီတာမင်တွေက မှတ်ဉာဏ်တိုးစေနိုင်သလား|Can vitamins help boost your memory?
Can vitamins help boost your memory? ဗီတာမင်တွေက မှတ်ဉာဏ် တိုးစေနိုင်သလား ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေကို ဆယ်စုနှစ်နဲ့ သောက်ခဲ့ကြတဲ့ လူကြီးတွေမှာ Memory test မှတ်ဉာဏ်-စမ်းသပ်မှု လုပ်ကြည့်တော့ ပိုကောင်းကြတာကို ပြင်သစ်မှာ တွေ့လာရတယ်။ အသက်ကြီးလာသူတွေဟာ အစားအစာ လုံလောက် ပြည့်စုံအောင် စားသုံတော့ စဉ်းစားမှု နဲ့ မှတ်ဉာဏ်အတွက် ပိုကောင်းမယ်ဆိုတာ ဒိထက် ကျယ်ပြန့်တဲ့ လေ့လာမှုတွေတော့ လိုပါသေးတယ်။ UK နိုင်ငံ University of Aberdeen က အာဟာရ-ပညာရှင် Geraldine McNeill ကပြောတာက “အဆန်းကြီးတော့ မဟုတ်ပါ။ လူတိုင်း သောက်သင့်ပါတယ်။” ပြောခဲ့တဲ့ သုတေသနမှာ မပါခဲ့သူ McNeill ပြောတာက “Vitamins ဗီတာမင်…
သတိမေ့ခြင်း|Memory loss
Memory loss သတိမေ့ခြင်း ဦးပဉ္စင်းက သက်တော် ၅၃၊ ကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးပါ ဂရုစိုက်ပါတယ်။ စိတ်ကျန်းမာရေးအတွက် အားကိုးရာကတော့ ဘာဝနာပေါ့။ သို့သော်လည်း ယခုနောက်ပိုင်းမှာ နာမည်တွေကို မေ့လာတယ်။ မေ့တာကလည်း ထူးဆန်းပါတယ်။ နာမည်ကိုမှ ရွေးမေ့တတ်ခြင်း ဖြစ်ပါတယ် တစ်ခါကဆို ဒကာတစ်ယောက်နဲ့ တရားစကားပြောနေရင်း ဝေဿန ္တရာ နာမည်ကို မေ့သွားလို့ အခက်တွေ့ခဲ့ရပါတယ်။ နောက်သုံးရက်လောက်မှ ပြန်စဉ်းစားလို့ ရပါတယ်။ အဲဒါ ဒီခေတ်မှာ လူပြောများနေတဲ့ အယ်လ်ဇိုင်းမား ရောဂါနဲ့များ ဆက်စပ်မှု ရှိပါသလား။ ဆက်စပ်မှု ရှိမယ်ဆိုရင် ဆောင်ရန်/ရှောင်ရန်လေးတွေ ပြန်ကြားပေးစေလိုပါတယ်။ Memory loss ကို ဆေးစာနဲ့ Amnesia လို့ခေါ်တယ်။ လက်ငင်းဖြစ်နေတာတွေကိုရော အထိတ်ဖြစ်ရပ်တွေပါ သတိမေ့တာ ဖြစ်တယ်။ တဖြေးဖြေးခြင်း ဖြစ်လာတာနဲ့…
ကြွက်သားအားနည်းခြင်း|Muscle weakness
Muscle weakness ကြွက်သား အားနည်းခြင်း ကျွန်တော်က (့) မှာ နေပါတယ်။ အသက် ၂၄ ပါ။ Testosterone Deficiency အကြောင်းကို သိချင်ပါတယ်။ သူရဲ့ ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေနဲ့ ယခု ကျွန်တော် ခံစားနေရတာတွေနဲ့ တိုက်ဆိုင်မှု ရှိနေပါတယ်။ လိင်စိတ်အားနည်းပိုင်းမှာတော့ ပြသာနာမရှိဘူး ထင်ပါတယ်။ ကျန်တာတွေတော့ တူပါတယ်။ အဆိုးဆုံး ခံစားရတာတော့ ခန္ဓာကိုယ်မှာ အင်မတန် ပိန်ပြီး လက်မောင်း ကြွက်သားများ သာမန်လူများလောက် မဖွံဖြိုးခြင်းဖြစ်ပါတယ်။ တကယ်လို့ ရောဂါဖြစ်မဖြစ် သိရှိဖို့ ဘယ်လို ဆရာဝန်မျိုးဆီ သွားရောက်ပြသင့်ပါသလဲ။ ဆရာဝန်နဲ့ မပြဘဲ ကိုယ်တိုင် ကုသရင်ကော ရနိုင်ပါသလား။ ကုသမှုကို အများဆုံး ဘယ်လောက်ကြာအောင် ကုသရပါသလဲ။ ကုသနိုင်မယ့် အခွင့်အလမ်းကော ရှိနိုင်ပါသေးလား။…
Something went wrong. Please refresh the page and/or try again.
Follow My Blog
Get new content delivered directly to your inbox.