
Medical Writings for you
To improve medical knowledge
Latest from the Blog
ဘယ်လိုအခါမှာ လိင်တံကျိုးနိုင်သလဲ
အမျိုးသားများအတွက် အလန့်တကြား ထမေးသောမေးခွန်းမှာ လိင်တံပြည်ကျနေပါတယ် ဘာလို့ဖြစ်တာလဲ ?ကူးစက်ရောဂါလား? ဆီးလမ်းကြောင်းပြည်ကျခြင်းသည် သေချာကုသရန် လိုအပ်သောရောဂါတစ်ခုပါ။ ပြည်ကျရသော အကြောင်းရင်းများစွာရှိပါတယ်။ အကယ်၍ ပုံမှန်မဟုတ်သော အရည်တစ်မျိုးမျိုးကနေခြင်းသည် သတိထားသင့်သော အချက်ပါ။ လိင်တံအရည်ကျခြင်းသည် ပိုးကူးစက်ခြင်းကြောင့်ဟုဆိုလျှင် ဘက်တီးရီးယားလား? ဗိုင်းရပ်စ်လား? မှိုပိုးကြောင့်လား? စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။ လိင်တံအရည်ကျခြင်းဆိုသည်မှာ ဆီးနှင့်သုတ်ရည်မဟုတ်ဘဲ ပုံမှန်မဟုတ်သော အရည်တမျိုးမျိုးကျခြင်းကို ဆိုလိုပါတယ်။ ၎င်းဖြစ်သောလက္ခဏာသည် အများအားဖြင့် လိင်ဆက်ဆံခြင်းကြောင့် ကူးစက်သော ရောဂါကြောင့်ဖြစ်နိုင်ပြီး လျှင်မြန်စွာရောဂါရှာဖွေရန်နှင့် ကုသမူယူရန် လိုအပ်ပါတယ်။ လက္ခဏာများမှာ ထွက်သောအရည်ပမာဏသည် အနည်းအများကွာခြားတတ်ပြီး အရောင်အနေဖြင့် အဝါရောင် သို့မဟုတ် အစိမ်းရောင်ဖြစ်နိုင်တယ်။ အချို့သည် မနက်ပိုင်းကျတတ်ပြီး အချို့မှာမူ တနေကုန်တောက်လျောက် ကျတတ်ပါတယ်။ အရည်ကျခြင်းနှင့်အတူ ခံစားရနိုင်သော လက္ခဏာများမှာ ….. – ဆီးပူခြင်း –…
ဆယ်ကျော်သက်နှင့် စိတ် ၂ မျိုး
ဆယ်ကျော်သက်အရွယ်တွင် စိတ်ဓာတ်အတက်အကျမမှန်မှုသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ စိတ် ၂ ခွဖြစ်နေသူသည် စိတ်ဓာတ်ကျလိုက်၊ မိမိကိုယ်မိမိအထင်ကြီးခြင်း အစရှိသည့်အခြေအနေကိုဆိုလိုပါတယ်။ ဆယ်ကျော်သက်အရွယ်တွင် ဟော်မုန်းပြောင်းလဲမူကြောင့် စိတ်အခြေအနေပြောင်းလဲမှု အလွယ်တကူဖြစ်စေတတ်သည်ကိုလည်း သတိထားသင့်ပါတယ်။ စိတ် ၂ ခွဖြစ်သူသည် စိတ်ဓာတ်အခြေအနေပြောင်းလဲမှုမြန်ဆန် တည်ငြိမ်မူမရှိခြင်းကြောင့် နေ့စဉ်နေထိုင်မူကို အနှောက်အယှက်ဖြစ်စေနိုင်သောကြောင့် ကုသမူခံယူရန်လိုအပ်ပါတယ်။ ကုသမူပေးသူများအနေဖြင့် …….. စိတ်အတက်အကျမမှန်ခြင်းနှင့် ဆယ်ကျော်သက်အရွယ်ဆက်စပ်မူကို သေချာလေ့လာပြီး အခြားသောဆယ်ကျော်သက်အရွယ် စိတ်ပြောင်းလဲမူနှင့် ကွာခြားကို သိရှိရန်လိုအပ်ပါတယ်။ စိတ် ၂ ခွဖြစ်နေသူသည် နာတာရှည်အခြေအနေဖြစ်ပြီး လူတစ်ယောက်စိတ်အခြေအနေနှင့် ခွန်အားပေါ်မူတည်၍ ပြောင်းလဲမူဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် စိတ်ဓာတ်တက်ကြွခြင်းနှင့် စိတ်ဓာတ်ကျခြင်း၊ နှစ်ခွဖြစ်နိုင်သည်။ သို့သော် အချို့လူများတွင် စိတ်ဓာတ်တက်ကြွခြင်း၊ မိမိကိုယ်မိမိအထင်ကြီးလွန်ခြင်းသည်သာဖြစ်ပြီး စိတ်ဓာတ်ကျခြင်းမရှိပါ။ စိတ်ဓာတ်တက်ကြွသောအချိန်တွင် လူတစ်ယောက်သည် ပုံမှန်ထက်အားအင်ပြည့်သလိုခံစားရခြင်း၊ ပိုမိုစိတ်လူပ်ရှားခြင်းများ ဖြစ်နေပါတယ်။ ပုံမှန်ထက် တက်ကြွနေတတ်ပါတယ်။…
သိုင်းလောကသားတွေအတွက်မျှော့
သာမန်လူတွေအနေနဲ့ဆိုရင် မျှော့ဆိုတာဟာ လူကိုတွယ်ကပ်ပြီး သွေးစုပ်တတ်တဲ့သတ္တဝါ၊ ကြောက်စရာ ရွံ့စရာကောင်းတဲ့သတ္တဝါလို့ပဲ သိကြပြီး သိုင်းလောကသားတွေက ဘာလို့ ဒီသတ္တဝါကို သဘောကျရတာလဲဆိုပြီး နားမလည်ဖြစ်နိုင်ပါတယ်။ အမှန်တကယ်တော့ သိုင်းလောကသားတွေသဘာကျတဲ့ မျှော့ဆိုတာဟာ မိန်းမကိုယ်ထဲမှာရှိတဲ့မျှော့ပါ။ သာမန်လူတွေသိကြတဲ့ လူကိုတွယ်ကပ်သွေးစုပ်တဲ့ မျှော့သတ္တဝါမဟုတ်ပါဘူး။ ခေတ်အဆက်ဆက် သိုင်းလောကသားတွေ ဝိုင်းဖွဲ့စကားပြောတဲ့အခါ သက်ရွယ်ကြီးအတွေ့အကြုံများတဲ့ သိုင်းအဖွဲ့မှူးများက သက်ငယ်သိုင်းသမားအသစ်များကို ကိတ်တဲ့အမျိုးသမီး၊ လန်းတဲ့အမျိုးသမီးတွေထက် မိန်းမကိုယ်မျှော့ပါတဲ့အမျိုးသမီးတွေကပိုပြီး အမျိုးသားတွေကို တန်းတန်းစွဲဖြစ်စေတတ်ကြောင်းကို ပြောပြလေ့ရှိပါတယ်။ အဲ့အခါ သက်ငယ်သိုင်းသမားတွေကလည်း မိန်းမကိုယ်မှာရှိတဲ့မျှော့ဆိုတော့ မိန်းမကိုယ်ဘယ်နားမှာရှိတာလဲ။ ဘယ်လိုအရာလေးလဲ။ အသက်ရှိလား။ အများသိကြတဲ့မျှော့သတ္တဝါလိုပုံစံလေးလား စသဖြင့် သက်ရွယ်ကြီးအတွေ့အကြုံများတဲ့ သိုင်းအဖွဲ့မှူးများကို မေးကြ၊စပ်စုကြပြီး အခွင့်သာတုန်း သိုင်းဗဟုသုတတိုးပွားအောင်လုပ်လေ့ရှိပါတယ်။ ဒါကြောင့်ဒီတပတ်မှာ သိုင်းလောကသားတွေအပြောများတဲ့ မိန်းမကိုယ်မျှော့အကြောင်းကို သက်ငယ်သိုင်းသမားအသစ်များသာမက သိုင်းသမားမဟုတ်တဲ့ တခြားသူများပါသိအောင် ရေးသားတင်ပြလိုက်ရပါတယ်။ အမှန်တကယ်တော့ မိန်းမကိုယ်မှာရှိတဲ့မျှော့ဆိုတာဟာ ဘယ်နားမှာရှိတယ်၊ ဘယ်လိုအရာလေးဖြစ်တယ်ဆိုပြီး…
Get new content delivered directly to your inbox.