
Vitamin B complex ဗီတာမင် (ဘီ) အုပ်စု
Tue, Nov 8, 2011 at 7:22 AM,
What I want to know is should I take Vitamins B every day? Do they have side effects if I take 1 tablet per day?
ဗီတာမင် ဘီ အုပ်စု ထဲမှာပါတာတွေ –
- Vitamin B1 (Thiamine)
- Vitamin B2 (Riboflavin)
- Vitamin B3 (Niacin)
- Vitamin B5 (Pantothenic acid)
- Vitamin B6 (Pyridoxine) and
- Vitamin B9 (Folic Acid)
- Vitamin B12 (Cobolamin)
- PABA (Para-aminobenzoic acid)
- Biotin
- Inositol
ရောဂါ = ဗီတာမင် ဘီ အုပ်စုဆေး သောက်နည်း
• ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ = B complex (100 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 100 milligrams) မနက်စာ စားပြီးတိုင်း ၁ ပြား။
• Alcoholism အရက်စွဲသူ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams)
• Alzheimer’s Disease (အဇာမိုင်ယာ) ရောဂါ = A single B-100 pill each day
• Anxiety or Panic Disorder = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာစားပြီးတိုင်း ၁ ပြား။
• Canker Sores (Aphthous ulcer) ပါးစပ်အနာ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ စားပြီးတိုင်း ၁ ပြား။
• Chronic Fatigue နာတာရှည် အားယုတ်ခြင်း = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ စားပြီးတိုင်း ၁ ပြား။
• Chronic Pain နာတာရှည် ကိုက်ခဲနေသူ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ-ညစာ စားပြီးတိုင်း ၁ ပြားစီ။
• Crohn’s Disease (ခရုမ်းစ်) အူမကြီးရောဂါ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ-ညစာ စားပြီးတိုင်း ၁ ပြားစီ။
• Depression စိတ်ကျရောဂါ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ-ညစာ စားပြီးတိုင်း ၁ ပြားစီ။
• Diabetes ဆီးချိုရောဂါ = B complex (100 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 100 milligrams) မနက်စာ စားပြီးတိုင်း ၁ ပြား။
• Epilepsy (အပီလက်ပ်စီ) အတက်ရောဂါ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ-ညစာ စားပြီးတိုင်း ၁ ပြားစီ။ အတက်ရပ်ဆေးနဲ့ ၂ နာရီခြား သောက်ပါ။
• Hair Problems ဆံပင်ကျွတ်သူ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ-ညစာ စားပြီးတိုင်း ၁ ပြားစီ။
• Heart Disease Prevention နှလုံးရောဂါ ကာကွယ်ရန် = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ-ညစာ စားပြီးတိုင်း ၁ ပြားစီ။
• Infertility, Female ကလေးမရသေးတဲ့ အမျိုးသမီး = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ-ညစာ စားပြီးတိုင်း ၁ ပြားစီ။
• Leg Cramps ကြွက်တက်ခြင်း = B complex (100 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 100 milligrams) မနက်စာ-ညစာ စားပြီးတိုင်း ၁ ပြားစီ။
• Multiple Sclerosis (မာလ်တီပယ်-စကယ်လ်ရိုးဆစ်) အာရုံကြောရောဂါ = B complex (100 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 100 milligrams) မနက်စာ-ညစာ စားပြီးတိုင်း ၁ ပြားစီ။
• Nail Problems လက်သဲ-ခြေသဲရောဂါ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ စားပြီးတိုင်း ၁ ပြား။
• Nicotine Dependence ဆေးလိပ်စွဲသူ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ စားပြီးတိုင်း ၁ ပြား။
• Psoriasis နာတာရှည် အရေပြားနာ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ စားပြီးတိုင်း ၁ ပြား။
• Rosacea (ရိုဆာဆီယာ) နာတာရှည်မျက်နှာ နီမြန်းရောဂါ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ စားပြီးတိုင်း ၁ ပြား။
• Stress စိတ်ဖိအားများနေသူ = B complex (100 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 100 milligrams) မနက်စာ စားပြီးတိုင်း ၁ ပြား။
Side Effects ဘေးထွက်-ဆိုးကျိုးတွေ သိပ်မများပါ။ ဆေးသောက်သူတိုင်း သိသာမှာက ဆီးဝါမယ်။ Riboflavin (B2) ကြောင့် ဖြစ်ရတာပါ။ ဆီးက ဆေးနံ့လဲရမယ်။ ဆေးစသောက်ဘူးသူတွေမှာ အစာမကျေသလိုဖြစ်တတ်တယ်။ ဆေးကို အစာစားပြီးချိန်မှာ သောက်သင့်တယ်။ ဆရာဝန် ညွှန်တဲ့အတိုင်း သောက်ရင် ပိုပြီး ဆိုးကျိုးနည်းတယ်။ ဆေးသောက်တာ များသွားလို့ ရစေနိုင်တာတွေကို အောက်မှာ စာရင်းချလိုက်ပါတယ်။
Thiamine (B1) ဗီတာမင် ဘီ (၁)
• Insomnia အိပ်မပျော်၊
• Heart palpitations ရင်တုန်၊
• High blood pressure သွေးဖိအားတက်၊
• Hypersensitivity of skin ဆေးမတည့်တာဖြစ်၊
• Agitation and irritation စိတ်တို-ဒေါသထွက်၊
Riboflavin (B2) ဗီတာမင် ဘီ (၂)
• Fatigue အားယုတ်၊
• Anemia သွေးအားနည်း၊
• Vomiting အန်၊
• Low blood pressure သွေးဖိအားကျ၊
• Nausea ပျို့၊
Niacin (B3) ဗီတာမင် ဘီ (၃)
• Headaches ခေါင်းကိုက်၊
• Itchiness of the skin အရေပြားယား၊
• Flushing of the skin အရေပြားနီမြန်း၊
• Throbbing head ခေါင်းထဲထိုး၊
• Vomiting and nausea ပျို့-အန်၊
Pantothenic Acid (B5) (ပင်တိုသဲနစ်-အက်စစ်)
• Edema ကိုယ်ရောင်၊
• Joint pain အဆစ်နာ၊
• Depression စိတ်ကျ၊
• Dehydration ရေဓါတ်နည်း၊
• Fatigue အားယုတ်၊
Pyridoxine (B6) ဗီတာမင် ဘီ (၆)
• Numbness of fingers with tingling feeling လက်ဖျားထုံ-ကျင်၊
• Loss of muscle coordination ကြွက်သားတွေ ပူးတွဲလုပ်ဆောင်တာနည်း၊
• Mood swings စိတ်အခြေပြောင်း၊
• Depression စိတ်ဓါတ်ကျ၊
Folic Acid (B9) ဗီတာမင် ဘီ (၉)
• Kidney failure ကျောက်ကပ်မကောင်း၊
• Loss of appetite အစားပျက်၊
• Bloating ဗိုက်ကယ်၊
• Nausea and vomiting ပျို့-အန်၊
Cyanocobalamin (B12) ဗီတာမင် ဘီ (၁၂)
• Anxiety စိုးရိမ်၊
• Numbness and tingling of various body parts (face and fingers) လက်ချောင်း-မျက်နှာ ထုံ-ကျင်၊
ဗီတာမင် ဘီ အုပ်စုဆေးကို အောက်ကစာရင်းထဲပါနေသူတွေ ဆရာဝန် မညွှန်ဘဲ မသောက်ပါနဲ့။
• Pregnant or breastfeeding ကိုယ်ဝန်ဆောင်ချိန် နဲ့ ကလေးနို့တိုက်ချိန်၊
• Stomach ulcer, Diabetes, Liver problems, Gout အစာအိမ်ရောဂါ၊ အသဲရောဂါ၊ ဆီးချိုရောဂါ၊ ဂေါက်ရောဂါ ရှိနေသူ၊
• Herbal medicines တခြား (ဟာဗယ်) အားဆေးတွေလဲ သောက်နေသူ၊
• Allergic reactions to any medicines ဆေးမတည့်တတ်သူ၊
သတိထားစရာတွေ –
• Acne ဝက်ခြံရှိနေသူတွေ Vitamin B complex နဲ့ Vitamin B12 တွဲမသောက်ပါနဲ့။
• Cholesterol-lowering medications (ကိုလက်စထော) ကျဆေးတွေဖြစ်တဲ့ Zocor, Mevacor, or Crestor သောက်နေရင် Vitamin B3 မသောက်ပါနဲ့။
• Bipolar disorder (ဘိုင်ပိုလာ-ဒစ်အော်ဒါ) ကြောက်စိတ်နဲ့ စိတ်ကျရောဂါ ရှိနေသူ Inositol နဲ့ Vitamin B complex ကို ဆရာဝန်မညွှန်ဘဲ မသောက်ပါနဲ့။
• Vitamin B3 (Niacin) များရင် ရှားရှားပါးပါး Blurred vision မျက်စိဝေဝါးတာ၊ Nausea ပျို့တာ၊ Vomiting အန်တာဖြစ်နိုင်ပြီး၊ Stomach ulcers အစာအိမ်နာကို ဆိုးစေတတ်တယ်။
• Folic acid (ဖေါလစ်-အက်စစ်) များရင် Methotrexate ကင်ဆာဆေးနဲ့ ဓါတ်ပြုနိုင်တယ်။
ဗီတာမင် ဘီ အုပ်စုဆေးက လိုအပ်နေသူတွေအတွက် အလွန်ကောင်းပါတယ်။ ဈေးလဲချိုတယ်။ ဒါပေမဲ့ အစားအစာ မျှတ လုံလောက်အောင် စားနေသူတွေက သောက်ဘို့ မလိုပါ။
Reference
- Dr. တင့်ဆွေ blog
[…] Vitamin E Vitamin B Complex […]
LikeLike
[…] Vitamin E Vitamin B Complex […]
LikeLike
[…] ဗီတာမင် (ဘီ) အုပ်စု […]
LikeLike